ရုပ်သံ
ပြည်တွင်းသတင်း
ဩဂုတ် ၃၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက ဒေသခံ ၃ ဦး စီးနင်းလိုက်ပါလာတဲ့ လှေတစီး တိမ်းမှောက်ခဲ့ပြီး ရုပ်အလောင်းတခုသာ ပြန်ရသေးတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့မနက်ပိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး လှေပေါ်ပါသူ ၃ ဦးထဲက ၁ ဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်ရပြီး ကျန် ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
"ကနဦးသိရသလောက်တော့ သေတာက ရေဘေးသင့်ပြည်သူတွေကို လာလှူတဲ့ အလှုရှင် ဖြစ်နေတယ်။ ကြပ်ကွင်းရွာသား ၂ ယောက်ပျောက်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်ဟာ ရေနစ်မြုပ်နေပြီး စက်လှေနဲ့သာ သွားလာနေရကာ တချို့နေရာတွေမှာ ရေစီးကြမ်းလို့ ကယ်ဆယ်ရေးစက်လှေတွေပင် သွားလာရခက်ခဲတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
"Life Jack တွေ ဝတ်သွားကြပါ၊ ဖြစ်ရင် မလွယ်ဘူး။ နယ်ခံတွေတောင် အသက်အန္တရာယ်ရှိတယ်။ ရေစီးကလည်း မမှန်ဘူး၊ အရမ်းသန်တယ်။ အခုပျောက်နေတဲ့ ၂ ယောက်ကို ရှာနေတုန်းပဲ။ တယောက်ရဲ့ အလောင်းပဲ ရသေးတယ်" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ကြပ်ကွင်းရွာကလို့ သိရပြီး ဩဂုတ်လ၂၇ ရက်နေ့ ညကလည်း ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီးမှာ ငါးဖမ်းထွက်လာတဲ့ လှေတစီး တိမ်းမှောက်ပြီး လှေပေါ်မှာပါတဲ့ အမျိုးသား ၂ ဦးထဲက ၁ ဦး ရေနစ်ပျောက်ဆုံးခဲ့ပြီးနောက် ၂ ရက်အကြာမှာ ရုပ်အလောင်း ရရှိခဲ့ပါသေးတယ်။
လက်ရှိအချိန်ထိ ဧရာဝတီတိုင်းမှာ ရေနစ်သေဆုံးသူ ၁၄ ဦးထက်မနည်း ရှိနေပြီလို့လည်း သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲ တော်စပ်သူ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးလိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်တွင်းသတင်း
ဘားအံမြို့ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံမှာ ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ရေပိုလွှဲမှ…