ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကျောက်ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်က ရွှေထည်ပစ္စည်းတွေ လုယူသွားပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့
စက်တင်ဘာလ ၄
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက သေနတ်ထောက် ခြိမ်းခြောက်ကာ ဖုန်းနဲ့ ရွှေထည်ပစ္စည်းတွေ လုယူသွားပြီး နေအိမ်တွေကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။
အင်အား ၁၀၀ နီးပါးခန့်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးလွင်ကျေးရွာအုပ်စု၊ ပုပ္ပါးတောင်မကြီး မြောက်ဘက် ပိုဇိုလန်စက်ရုံ အနီးရှိ ချိုင်းကျေးရွာအတွင်းကို သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
"သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲကို ဝင်လာတာ။ ရွာအဝင်နားမှာ နေထိုင်တဲ့ အမျိုးသမီး ၂ ဦးနေအိမ်ပေါ်ကို တက်သွားပြီး နားကပ်တွေ၊ ဖုန်းတွေကို အတင်းတောင်းတယ်။ မပေးရင် နေအိမ်ကို မီးရှို့ပစ်မယ်လို့ သေနတ်ထောက်ပြီး ခြိမ်းခြောက်တောင်းသွားတယ်" လို့ ဒေသခံ အမျိုးသားတဦးက မြို့တော်ကို ပြောပါတယ်။
အဲ့ဒီနောက် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ သက်ကြီးရွယ်အိုတွေပါ မချန် ဒေသခံတွေကို သေနတ်နဲ့ချိန်ကာ နေအိမ်အတွင်းကနေ ရွာအပြင်အထိ ခေါ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေကို ကျေးရွာအပြင်ရှိ ညောင်ပင်အောက်မှာ စုဝေးထားရှိကာ ရွာအတွင်းက ပြည်သူ့နေအိမ် ၆ လုံး ကို ရယ်မောပျော်ရွှင်စွာ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်ခွါသွားကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…