ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဥူးဇင်းတပါးက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာပြုကျင့်
စက်တင်ဘာ ၆
တောင်ငူမြို့က ဘုန်းကြီးကျောင်းတကျောင်းမှာ မိခင်ဖြစ်သူက ကျောင်းဝေယျာဝစ္စ ပြုလုပ်နေချိန် အတူပါလာတဲ့ သမီးဖြစ်သူ အသက် ၇ အရွယ် Grade-1 ကျောင်းသူကို ဥူးဇင်းတပါးက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှု စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တောင်ငူမြို့ ၁၁ ရပ်ကွက်ရပ်ကွက်နေ သားမိနှစ်ယောက်ဟာ ကင်းဆိပ်ကျေးရွာကအပြန် တောင်ငူမြို့ ဇလီထောင်က ဘုန်းကြီးကျောင်း တကျောင်းမှာ မိခင်ဖြစ်သူက ကျောင်းဝေယျာဝစ္စ လုပ်ပေးနေချိန် ဥူးဇင်းတပါးက သမီးဖြစ်သူကို မုန့်ကျွေးပြီး ခုတင်ပေါ်တင်ကာ မဖွယ်မရာ လုပ်နေတာကို မိခင်ဖြစ်သူက တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် မိခင်ဖြစ်သူဟာ ကလေးငယ်ကို နေအိမ်ပြန်ခေါ်လာခဲ့ပြီး စစ်ဆေးမေးမြန်းရာက ယခင်ကလည်း ၂ ကြိမ် ၃ ကြိမ်ခန့် ခုလိုရှိခဲ့ဖူးတယ်လို့ ပြောဆိုတာကြောင့် ရဲစခန်းမှာ တိုင်တန်းခဲ့တာလို့ သိရပါတယ်။
လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့တဲ့ ဥူးဇင်း သီဟ၊ ဝါတော် ၂ ဝါ၊ လူအမည် နှင်းကို အသက် ၄၅ နှစ် ဟာ အုတ်တွင်းမြို့နယ်၊ ခေါင်ရမ်းအုပ်စု၊ အောင်းကြီးရွာ ဇာတိဖြစ်တယ်လို့ သိရပြီး တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ဘုရားငုတ်တို ရှမ်းစုကျေးရွာ ငွေဟင်္သာ တောရကျောင်းက အသက် ၅၆ နှစ်၊ ဝါတော် ၁၅ ဝါရှိတဲ့ ရဟန်းဘွဲ့ ဦးဥတ္တမ လူအမည် ဦးအေးလွင် ဆိုသူဟာလည်း အသက် ၁၄ နှစ်ကျော် ၅ တန်းကျောင်းသူတဦးကို ကျောင်းတိုက်အတွင်း အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့တာကြောင့် ကိုယ်ဝန်ရရှိခဲ့တယ်လို့ သိရပါတယ်။
"ကလေးမလေး မိသားစုက ဆင်းရဲတယ်၊ မောင်နှမနှစ်ယောက်ကို စာသင်ဖို့ ဘုန်းကြီးကျောင်းမှာ ထားတာ၊ ၊ ကောင်မလေးက ၅ တန်းဆိုပေမယ့် အသက်က ၁၄ နှစ် လူကောင်ထွားတယ်၊ ဘုန်းကြီးက ၂၀၂၅ ကတည်းက ကလေးမလေးကို အလိုမတူဘဲ အကြိမ်ကြိမ် လုပ်နေတာ၊ ခုကိုယ်ဝန် ၅ လ ရတော့ ကလေးမလေးကို အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖြတ်ချဖို့ လုပ်နေတာ၊ ရွာကသိတော့ တရားဆွဲတာ၊ တရားဆွဲတော့ သူက ထွက်ပြေးသေးတာ။ ကလေးမလေးက မြောင်းမြဆေးရုံမှာ ဆေးကုသနေတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
သင်္ကန်းဝတ်နဲ့ လိင်ပိုင်းဆိုင်ရာ ပြုလုပ်ခဲ့တာကြောင့် ကျောင်းတိုင် ဆရာတော်နဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက် စနေနေ့က အမှုဖွင့်ခဲ့ပြီး ထွက်ပြေးသွားခဲ့တဲ့ ဦးဥတ္တမ (ခ) ဦးအေးလွင်ကို သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ဘားအံမြို့မှာ ဖမ်းဆီးရမိခဲ့ကာ မြောင်းမြ မြို့မရဲစခန်းက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…