အရေးပေါ်
ပြည်တွင်းသတင်း

မွန်ပြည်နယ်တရားလွှတ်တော်ရုံးက ခြေထောက်တဖက်မသန်တဲ့ သန့်ရှင်းရေးဝန်ထမ်းကို ရဲ ၂ ဦးက အရက်တိုက်ပြီး ငွေ ၅ သိန်းနဲ့ ရောင်းစား

၂၀၂၆ စက်တင်ဘာ ၁၁ Myo Taw
မွန်ပြည်နယ်တရားလွှတ်တော်ရုံးက ခြေထောက်တဖက်မသန်တဲ့ သန့်ရှင်းရေးဝန်ထမ်းကို ရဲ ၂ ဦးက အရက်တိုက်ပြီး ငွေ ၅ သိန်းနဲ့ ရောင်းစား

မွန်ပြည်နယ်တရားလွှတ်တော်ရုံးက ခြေထောက်တဖက်မသန်တဲ့ သန့်ရှင်းရေးဝန်ထမ်းကို ရဲ ၂ ဦးက အရက်တိုက်ပြီး ငွေ ၅ သိန်းနဲ့ ရောင်းစား

စက်တင်ဘာ ၁၁

မွန်ပြည်နယ် တရားလွှတ်တော်ရုံးက သန့်ရှင်းရေးလုပ်သား ၁ ဦးကို ရောင်းစားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို အာဏာသိမ်းအစိုးရက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းက တရားလွှတ်တော်ရုံးက သန့်ရှင်းရေးဝန်ထမ်းတဦး အလုပ်ကအပြန် သံလွင်တံတားမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရက်အတူတူသောက်နေရာက ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

"၈ ရက်နေ့က ပျောက်သွားတာ။ မွန်ပြည်နယ်တရားရုံးက လူပျောက်တိုင်တာ။ သူနဲ့ နောက်ဆုံးဖုန်းရတာ ရဲတွေနဲ့ အရက်သောက်တယ်ဆိုတဲ့ အချက်နဲ့ လိုက်တာ။ ပျောက်သွားတဲ့သူကို ၁၀ ရက်နေ့မှာ ရဲစခန်းက တရားရုံးကို လာပို့တယ်။ ရဲ ၂ ယောက်က အရက်တိုက်ပြီး ရောင်းစားသွားတာလို့ ပြောတယ်၊ သူက ခြေတဖက်မသန်ဘူး" လို့ တရားရုံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ညမှာ မွန်ပြည်နယ်ရဲစခန်းက ပျောက်ဆုံးနေတဲ့ အမျိုးသားကို လာရောက် ပို့ဆောင်ခဲ့တယ်လို့ သိရပြီး အတူတူအရက်သောက်ခဲ့တဲ့ ရဲတပ်သား ၂ ဦးက မုံဒုံဘက်မှာ ငွေကျပ် ၅ သိန်းနဲ့ ရောင်းစားခဲ့တာလို့ သိရပါတယ်။

မွန်ပြည်နယ် တရားလွှတ်‌တော်ရုံးက ရဲစခန်းကို တိုက်ရိုက်တိုင်ကြားလို့ အခုလို ပြန်ပို့တာလို့ သိရပြီး ရောင်းစားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်