ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ ရောက်ရှိနေတာကြောင့် ဘေးအန္တရာယ်တစ်ခုခု သင့်ဦးမယ်လို့ ပြောဆိုမှုတွေ ရှိနေ
စက်တင်ဘာ ၄
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ကြူကြူလှ တို့ဟာ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကို ၂ ရက်တာခရီး စတင်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံမှာ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ ရှိမှာဖြစ်တာကြောင့် ဗီယက်နမ်နိုင်ငံမှာ ဘေးအန္တရာယ်တစ်ခုခု ကျရောက်ဦးမယ်လို့ မြန်မာပြည်သူတွေက ပြောဆိုနေတာပါ။
"ဒါတွေက တိုက်ဆိုင်မှုလို့ပဲ ပြောပြော ဂြိုလ်ဆိုးကောင် သွားလေရာမှာ ဘေးသင့်နေတာ။ တကြိမ်တစ်ခါတည်းလည်း မဟုတ်ဘူး။ ပြီးခဲ့တဲ့ ထိုင်းခရီးစဉ်မှာဆိုလည်း ကျောင်းတွင်းမှာ သေနတ်ပစ်ခတ်မှု၊ ကလေးငယ်လေးတွေရှိတဲ့ ကျောင်းအဆောက်အဦထဲကို ကားနဲ့ဝင်တိုက်မှု၊ အနုတင်အစိုးရကို ဆန္ဒပြမှုတွေ၊ ခရိုင်သုံးခုလုံးမှာ တိုက်ခိုက်ခံရမှုနဲ့ ဘန်ကောက်မှာ မီးလောင်မှုတွေ ဒါတွေက သူရောက်ရှိနေတဲ့အချိန်မှာကော သူပြန်ပြီးတဲ့ အချိန်မှာကော ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာ။ ခုလည်း ဗီယက်နမ် ကိုရောက်နေတာဆိုတော့ ဗီယက်နမ်မှာ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်" လို့ မြန်မာပြည်သူတွေက Social Medai မှာ ပြောဆိုရေးသား နေကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗီယက်နမ်ခရီးစဉ်အပြီး စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံကိုလည်း သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဗီယက်နမ်နှင့် ကမ္ဘောဒီးယားခရီးစဉ်တွေ အပါအဝင် မင်းအောင်လှိုင် ဟာ ၃ လအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံအထိ သွားရောက်ခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှာ သွားရောက်မယ့် ကမ္ဘောဒီးယားခရီးစဉ်ဟာ သူ့အတွက် ၈ နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…