ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက်ကြီပိုင်း အမျိုးသား ၁ ဦး သေဆုံး
စက်တင်ဘာ ၂၀
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ထင်းသွားခုတ်ရင်း စက်ဒေါင့်ကြီးကျေးရွာအနီးက အုန်းခြံဝင်းအတွင်းမှာ မြေမြှုပ်မိုင်းနင်းမိတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
“ပေါက်ကွဲသံကြားလို့ သွားကြည့်ကြတာ၊ တကိုယ်လုံး ရစရာမရှိဘူး။ လူသွားလူလာရှိတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်သွားကြတာ။ ခုဖြစ်တဲ့နေရာက အရင်ရက်က စစ်တပ်က လာသွားပြီး စခန်းချတဲ့ နေရာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ စက်ဒေါင့်ကြီးကျေးရွာက ဦးလှဌေး ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။
မိုင်းပေါက်ကွဲရာနေရာဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်က အာဏာသိမ်းစစ်တပ် စခန်းချခဲ့တဲ့ နေရာဖြစ်ပြီး တောင်ယာနဲ့ လယ်ကွင်းတွေမှာပါ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်သောက ရောက်နေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…