ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကျောက်မဲမြို့နယ် လဝက ရုံးမှာ တရားဝင်လိုလို ငွေကြေး သိန်းနဲ့ချီ တောင်းခံနေ
စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လဝက ရုံးက ပြည်သူတွေကို လဝက လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တရားဝင်လိုလို ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။
ဒုလဝကမှူး ဒေါ်အိအိသက် ဆိုသူဟာ မြို့နယ်မှူးကြေးအတွက်လို့ဆိုပြီး အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင် ပြုလုပ်သူတွေထံကနေ သိန်းချီ တောင်းခံနေတယ်လို့ သိရတယ်။
၆/၇ အမှုတွဲတွေဆိုရင် မြို့နယ်မှူးကြေး၊ ခရိုင်မှူးကြေး၊ ရုံးကြေးအတွက်လို့ဆိုကာ သိန်းဆယ်ချီ တောင်းခံနေပြီး ငွေကြေးပေးဆောင်ရာမှာ ငွေသားဆိုလျှင် ရုံးကပေးတဲ့ စာအိတ်နဲ့ ထည့်ပေးရသလို ငွေသားမပါရင်တော့ ဒေါ်အိအိသက်ရဲ့ Kpay နံပါတ် 09788420515 ကို လွှဲပေးခိုင်းလေ့ ရှိတယ်လို့ သိရပါတယ်။
ဒေါ်အိအိသက်ဟာ ကျောက်မဲမြို့နယ်ရုံးမှာ အနေအကြာဆုံး ဝန်ထမ်းဖြစ်ပြီး သူနဲ့ မတည့်သူတွေကို နယ်ပြောင်းရအောင်လုပ်လို့ ပြောင်းရွှေ့ခဲ့ရသူတွေလည်း အများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။
သူမဟာ စစ်ဗိုလ်တဦးရဲ့ ဇနီးဖြစ်ပြီး မြို့နယ်လဝကမှူး ဦးထင်အောင်နဲ့ လက်ထောက်မြို့နယ်မှူး ဦးမျိုးထွန်းဦးကိုပင် မလေးမစား ဆက်ဆံလေ့ရှိတယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ဟာ စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပြီး အုပ်ချုပ်ရေးယန္တယား ပြန်လည်လည်ပတ်မှုနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…