အရေးပေါ်
ပြည်တွင်းသတင်း

ကိုယ့်ပြည်သူတွေရဲ့ ရေဘေးဒုက္ခကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တဲ့ အာဏာသိမ်းအစိုးရက နီပေါနိုင်ငံ သဘာဝဘေးကို ထောက်ပံ့လှူဒါန်း

၂၀၂၆ စက်တင်ဘာ ၃ Myo Taw
ကိုယ့်ပြည်သူတွေရဲ့ ရေဘေးဒုက္ခကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တဲ့ အာဏာသိမ်းအစိုးရက နီပေါနိုင်ငံ သဘာဝဘေးကို ထောက်ပံ့လှူဒါန်း

ကိုယ့်ပြည်သူတွေရဲ့ ရေဘေးဒုက္ခကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တဲ့ အာဏာသိမ်းအစိုးရက နီပေါနိုင်ငံ သဘာဝဘေးကို ထောက်ပံ့လှူဒါန်း

စက်တင်ဘာ ၃

အာဏာသိမ်း အစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ သဘာဝဘေးဒဏ်သင့် ပြည်သူတွေအတွက် အလှူငွေနှင့် စားသောက်ကုန်တွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း အစိုးရ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ မနေ့က မနက်ပိုင်းမှာ တပ်မတော် လေယာဉ် Y8 နဲ့ ရန်ကုန်မြို့မှ နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM) သို့ သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

"ကလေးမြို့မှာက တောက်လျှောက် ရေးကြီးနေတာ ဒီနေ့ထိပဲ။ ကလေးမြို့တင်ပဲလား ဆိုတော့ မဟုတ်ဘူး တနိုင်ငံလုံးနီးပါး ရေဘေးကြောင့် အတော်လေး ဒုက္ခရောက်နေကြတာ။ ကိုယ့်ပြည်သူတွေကိုကျ ဘာမှမလုပ်ပေးနိုင်ဘဲ သူများနိုင်ငံကို မျက်နှာလို မျက်နှာရ သွားလုပ်နေတာ။ ကိုယ့်ဆီမှာ ဘာဘေးဒုက္ခမှ မရှိနေလို့ ဆိုရင်တော့ တမျိုးပေါ့။ အတော့်ကို အသုံးမကျတဲ့ လူတွေလို့ပဲ ပြောချင်တယ်" လို့ ကလေးမြို့ ဒေသခံ တဦးက မြို့တော်ကို ပြောပါတယ်။

နီပေါနိုင်ငံကို လှူဒါန်းမှုအပေါ် လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ သဘာဝဘေးသင့် ပြည်သူတွေ အမြန်ဆုံး ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိစေရေး အာဏာသိမ်းအစိုးရအဖွဲ့က ဆုမွန်ကောင်း တောင်းပေးထားပါသေးတယ်။

"ကိုယ့်နိုင်ငံတွင်းမှာ ရေဘေးဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန် ပြည်ပကို သွားလှူတာဟာ ပြည်သူ့အသက်အိုးအိမ်ထက် သူတို့ရပ်တည်မှု ရဖို့အရေးကိုသာ ပိုပြီး ဦးစားပေးတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကြဉ်ခံထားရမှုကို ကျော်လွှားဖို့ လူသားချင်းစာနာမှု ခေါင်းစဉ်တပ်ပြီး ဒေသတွင်းနိုင်ငံတွေကို ချဉ်းကပ်နေတာပါ။ ဒါပေမဲ့ ပြည်တွင်းက ကိုယ့်ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး လျစ်လျူရှုထားတဲ့ ဒီလို နိုင်ငံရေး အမြတ်ထုတ် လှည့်ကွက်မျိုးကို နိုင်ငံတကာ အသိုင်းအဝိုင်းက လွယ်လွယ်နဲ့ အသိအမှတ်ပြု လက်ခံပေးမှာ မဟုတ်ပါဘူး" လို့ နိုင်ငံရေးသမား တဦးက မြို့တော်ကို ပြောပါတယ်။

နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန ထံ မတ်ပဲ ၅ တန်၊ ကုလားပဲ ၃ တန်၊ စုစုပေါင်း ပဲ ၈ တန်နှင့် အမေရိကန် ဒေါ်လာ ၅ သိန်း တို့ကို အာဏာသိမ်းအစိုးရက ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်