အရေးပေါ်
ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး

အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး

စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အနောက်ဘက် ၅ မိုင်အကွာမှာရှိတဲ့ ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"ရုပ် အလောင်း ၂ လောင်းက လွှင့်စင်ပြီး ခေါင်မိုးပေါ်အထိ တက်ချိတ်သွားတယ်၊ တစ်လောင်းကတော့ ခြံစည်းရိုးမှာ ချိတ်နေတာ။ အမေဖြစ်သူရယ်၊ ချွေးမရယ်၊ သားဖြစ်သူရယ် မိသားစုဝင် ၃ ဦးလုံး သေသွားတယ်။ အလောင်းတွေကတော့ မြင်ရက်စရာ မရှိဘူး" လို့ ဒေသခံ တဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကံပေါက်ကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေ အခြေချနေထိုင်နေတာမျိုး မရှိသလို စစ်ကြောင်းထိုးနေတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူ ၁ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦး ရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၀,၅၀၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်