အရေးပေါ်
ပြည်တွင်းသတင်း

အိမ်ရှင် အမျိုးသမီးကို သတ်ပြီး လက်ဝတ်ရတနာတွေ လုယက်ယူဆောင်ခဲ့သူ အိမ်အကူ သားအမိကို ဖမ်းဆီးရမိ

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
အိမ်ရှင် အမျိုးသမီးကို သတ်ပြီး လက်ဝတ်ရတနာတွေ လုယက်ယူဆောင်ခဲ့သူ အိမ်အကူ သားအမိကို ဖမ်းဆီးရမိ

အိမ်ရှင် အမျိုးသမီးကို သတ်ပြီး လက်ဝတ်ရတနာတွေ လုယက်ယူဆောင်ခဲ့သူ အိမ်အကူ သားအမိကို ဖမ်းဆီးရမိ

စက်တင်ဘာ ၁၀

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ အိမ်ရှင်သက်ကြီး အမျိုးသမီးကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေနှင့် လက်ကိုင်ဖုန်းတွေကို လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ အသက်(၇၄)နှစ်အရွယ်ရှိ ဒေါ်သိန်းမြင့် ကို အိမ်အကူဖြစ်သူ အသက် (၅၈)နှစ်အရွယ်ရှိ ဒေါ်တင်နွယ် နှင့် သူ့ရဲ့သမီးဖြစ်သူ အသက် (၁၇)နှစ်အရွယ်ရှိ အေးမြတ်မွန် (ခ) သူသူတို့ နှစ်ဦးက နေအိမ်ရှေ့ ဧည့်ခန်းမှာ ဒေါ်သိန်းမြင့်ရဲ့ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့် စောင်အုပ်ပြီး သတ်ဖြတ်ကာ ဝတ်ဆင်ထားတဲ့ စိန်နားကပ် ၁ ရံ၊ ပလက်တီနမ် ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး တို့ကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံရသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ဦးခင်မောင် က တိုင်တန်းခဲ့ရာ စက်တင်ဘာလ ၈ ရက် မနေ့က မွန်းလွဲပိုင်းမှာ တရားခံနှစ်ဦးကို ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ”ကားဂိတ်မှာ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံတွေဟာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာဇာတိ ဖြစ်တယ်လို့ သိရပြီး လွန်ခဲ့တဲ့ တစ်လကျော်ခန့်မှ အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရားခံတွေရဲ့ ထွက်ဆိုချက်အရ ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ အိမ်ရှင် ဦးခင်မောင် ဟာ အမှတ်(၃)ရပ်ကွက်ရှိ သူရဲ့မုန့်ဆိုင်သို့ ရောက်ရှိနေချိန် ဒေါ်သိန်းမြင့် ကို သတ်ဖြတ်ခဲ့ပြီး ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်