အရေးပေါ်
ပြည်တွင်းသတင်း

ပြင်ဦးလွင် Highland ရေသန့်မှာ ကာလဝမ်းရောဂါပိုးတွေ့ရှိတာကြောင့် ထုတ်လုပ်ဖြန့်ဖြူးမှု ယာယီရပ်ဆိုင်း

၂၀၂၆ နိုဝင်ဘာ ၂၄ Myo Taw
ပြင်ဦးလွင် Highland ရေသန့်မှာ ကာလဝမ်းရောဂါပိုးတွေ့ရှိတာကြောင့် ထုတ်လုပ်ဖြန့်ဖြူးမှု ယာယီရပ်ဆိုင်း

ပြင်ဦးလွင် Highland ရေသန့်မှာ ကာလဝမ်းရောဂါပိုးတွေ့ရှိတာကြောင့် ထုတ်လုပ်ဖြန့်ဖြူးမှု ယာယီရပ်ဆိုင်း

နိုဝင်ဘာ ၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ Highland ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ သောက်ရေသန့် နမူနာမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ရေသန့်ထုတ်လုပ်တာ ဖြန့်ဖြူးတာနဲ့ ရောင်းချတာတို့ကို ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်လို့ မြိုခံပြည်သူတွေထံမှ သိရပါတယ်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ခရိုင် ကျန်းမာရေးကြီးကြပ်မှုကော်မတီက ဈေးကွက်အတွင်း ဖြန့်ဖြူးနေတဲ့ Highland ရေသန့်ကို နမူနာကောက်ယူကာ မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ပေးပို့စစ်ဆေးခဲ့ရာမှာ ကာလဝမ်းရောဂါပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"ရေသန့်ထဲမှာ ကာလဝမ်းရောဂါပိုး တွေ့တယ်ဆိုတာကို ပြည်သူတွေ သိအောင် အသိပေးသင့်ပါတယ်။ အခုက ရေသန့်စက်ရုံကို ယာယီပိတ်ထားတယ်ဆိုပေမယ့် မြို့ခံတွေ အားလုံးသိကြတာမျိုး မရှိပါဘူး။ တချို့က အဲဒီရေသန့်ကို အခုထိ ဝယ်သောက်နေကြတုန်းပါပဲ။ ဝမ်းရောဂါလည်း ဖြစ်နေတဲ့နေရာတွေ ရှိတယ်လို့ ကြားရတော့ ပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်" လို့ ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက မြို့တော်ကို ပြောပါတယ်။

လက်ရှိ ပြင်ဦးလွင်မြို့နေရာအချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်ပေမဲ့ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တော့ မတွေ့ရသေးပါဘူး။

တစ်ဖက်မှာလည်း Highland ရေသန့်စက်ရုံ တာဝန်ရှိသူတစ်ဦးက သူတို့ ရေသန့်လုပ်ငန်း လုပ်ကိုင်လာတာ ၁၇ နှစ်ကျော်ရှိပြီဖြစ်ပြီး အခုလို ဓာတ်ခွဲစစ်ဆေးချက်မှာဝမ်းလျှောရောဂါပိုး တွေ့ရှိကြောင်း အဖြေထွက်လာတာဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားတာ တွေ့ရပါတယ်။

"ကျွန်တော်တို့ ရေသန့်ထုတ်လုပ်လာတာ ၁၇ နှစ်ကျော် ရှိပါပြီ။ ဒီလိုဝမ်းလျှောရောဂါပိုး တွေ့တယ်လို့ ဆေးစစ်ချက်ထွက်တာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်တွေကလည်း ရေဘူးတွေကို လူကိုင်တွယ်မှုကြောင့် ပိုးတွေ့နိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြဆွေးနွေးပေးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဈေးကွက်ထဲက ရေသန့်ဘူးတွေကို နမူနာယူတဲ့အခါ Seal ပိတ်ထားတဲ့ ဘူးတွေထဲက ရေကိုသာ ယူစစ်ဆေးပေးဖို့ တင်ပြခဲ့ပါတယ်" လို့ သူက ပြောဆိုထားပါတယ်။

Seal ပိတ်ထားတဲ့ ရေသန့်ဘူးတွေထဲမှ ရေနမူနာကို ထပ်မံစစ်ဆေးဖို့အတွက် သက်ဆိုင်ရာအဖွဲ့က ယူဆောင်သွားခဲ့တယ်လို့ သိရပြီး ဒီနမူနာတွေရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေ ထွက်ပေါ်လာတဲ့အထိ စက်ရုံကို ခရိုင်ကျန်းမာရေးကြီးကြပ်မှုကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ယာယီပိတ်ထားမှာဖြစ်ကာ စစ်ဆေးချက်မထွက်မီ ဘယ်လိုဖြေရှင်းချက်ကိုမျှ မပေးလိုသေးကြောင်းလည်း စက်ရုံတာဝန်ရှိသူက ပြောထားပါတယ်။

ကာလဝမ်းရောဂါဟာ ရောဂါပိုးပါဝင်တဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ပြင်းထန်စွာ ဝမ်းလျှောတာနဲ့ အန်တာတို့ကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်နဲ့ ဆားဓာတ်တွေ လျင်မြန်စွာ ဆုံးရှုံးနိုင်ပြီး အချိန်မီကုသမှု မရရှိပါက အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် ရေသန့်တစ်မျိုးမှာ ကာလဝမ်းရောဂါပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိထားတဲ့ အခြေအနေမှာ သက်ဆိုင်ရာကျန်းမာရေးဌာနအနေနဲ့ ဈေးကွက်အတွင်းရှိ အဆိုပါရေသန့်တွေကို ဆက်လက်သောက်သုံးတာ မပြုစေဖို့ အချိန်မီ အသိပေးတာ၊ ထပ်မံစစ်ဆေးမှုရလဒ်တွေကို ပွင့်လင်းစွာ ထုတ်ပြန်တာနဲ့ ရောဂါဖြစ်ပွားမှု အခြေအနေကို ရှင်းလင်းအသိပေးတာတို့ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ပြည်သူတွေက တိုက်တွန်းနေကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ရုပ်သံ ပြည်တွင်းသတင်း

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ စစ်သား ၂ ဦး စကားများရန်ဖြစ်ကြရင်း အပြန်အလှန်ပစ်ခတ်ကြလို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့တယ်လို့…

ဖတ်ရန်