ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မော်တော်ယာဉ်ကို ဗီနိုင်းချိတ်ဆွဲကာ လနဲ့ချီ အလှူခံစားနေတဲ့ အဖွဲ့ကို ထောင်ဒဏ် ၃ လနဲ့ ငွေကျပ် ၅ သောင်းစီ အမိန့်ချမှတ်
စက်တင်ဘာ ၃
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့မှာ Light truck ကားကို ဗီနိုင်းချိတ်ဆွဲကာ လှည့်လည်အလှူခံ စားနေတဲ့ အဖွဲ့ကို ဩဂုတ်လ ၃၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အုတ်တွင်းမြို့နယ်အတွင်း ဘ/က အမည်ခံ ဗီနိုင်းနဲ့ အဖွဲ့တစ်ဖွဲ့ အလှူခံနေတယ်လို့ သတင်းရရှိခဲ့တာကြောင့် အုတ်တွင်းမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က သွားရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့ဟာ ယခင်ကလည်း ပေါက်တောကျေးရွာမှာ လိမ်လည်အလှူခံတာကို မြို့နယ် သာ/ထိန်း အဖွဲ့က ဖမ်းမိခဲ့ဖူးပြီး ဦးဆောင်သူ ဗိန္ဓောဆရာက အသက်ကြီးနေတာကြောင့် နောက်ထပ် လိမ်လည်အလှူမခံဖို့ ခံဝန်ထိုးခိုင်းကာ ဗီနိုင်းတွေ သိမ်းဆည်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအဖွဲ့ဟာ ကျောင်းရှစ်ဆယ်အုပ်စု ထန်းကုန်းရွာမှာ နေအိမ်တစ်လုံးကို တစ်လ (၁)သိန်းခွဲကျပ်ဖြင့် ငှားရမ်းနေထိုင်ပြီး ဗီနိုင်းပုံစံတမျိုးပြောင်းကာ ထပ်မံလိမ်လည် အလှူခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးစဉ် ယာဉ်မောင်း အပါအဝင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူဟာ ငှားရမ်းနေထိုင်တဲ့ ထန်းကုန်းကျေးရွာရှိ နေအိမ်မှာ ကျန်ရှိနေခဲ့တယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ကို ဗီနိုင်းချိတ်ဆွဲကာ လှည့်လည်အလှူခံ စားနေတဲ့ ၈ ဦးကို အုတ်တွင်းမြို့နယ် တရားရုံးက စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာ ထောင်ဒဏ် သုံးလနဲ့ ငွေကျပ် ၅ သောင်းစီ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…