ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မမြ ဆည်တာဘောင် အိကျလို့ ဆည်အောက်က ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ချောင်းထဲကို ဆည်ရေလွှတ်နေ
အောက်တိုဘာ ၁၀
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက မမြဆည်ရဲ့ ဆည်ထိန်းတာဘောင် အိကျခဲ့လို့ အနီးဝန်းကျင်က ကျေးရွာတွေ ညတွင်းချင်း ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၉ ရက် မနေ့ည ၁၁ နာရီခွဲခန့်ကစပြီး မနက် ၂ နာရီကျော်အထိ မြေသားထိန်းနံရံတွေ ပြိုကျမှု ကြီးမားတာကြောင့် ဆည်ဘောင်သာ ကျန်တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
"ဆည်ကျိုးမယ့် အနေအထား ဖြစ်နေလို့ ညကတည်းက အောက်ကရွာတွေ ရှောင်နေရတယ်၊ ကျိုးမယ် မကျိုးဘူး ကံသေကံမတော့ ပြောမရဘူး၊ ခုထိမကျိုးသေးပေမဲ့ ရေပိုလွှဲကနေ ရေဖောက်ထုတ်ပြီး မမြချောင်းထဲ လွှတ်ဖို့ ပြင်နေကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မမြဆည်ဟာ မြန်အောင်မြို့နယ်နဲ့ အင်္ဂပူမြို့နယ်က နွေစပါးဧက ၅၅၀၀ ကျော်ကို နှစ်စဉ်ရေပေးဝေနေတဲ့ ဆည်ကြီးဖြစ်ပြီး ရေလှောင်ပမာဏ ဧက ပေ ၇၁၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
"အောက်ခြေက ကျောက်သင်ပုန်းလုပ်တဲ့ ကျောက်သားတွေပါ၊ မနက်ကအထိ ကျိုးမယ့် အနေအထားမှာ ရှိတယ်၊ ရေပိုလွှဲကနေ ရေထုတ်နေပေမယ့် ထိန်းနိုင်မယ် မထင်ဘူး" လို့ ဒေသခံတဦးက ထပ်မံပြောဆိုထားပါတယ်။
မမြဆည်အောက်က ဆည်ရေ ဝင်ရောက်နိုင်တဲ့ စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာတွေက လူဦးရေ ၉၀၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ရေဘေးလွတ်ရာ ကုန်းမြင့်တွေကို သေနတ်ပစ်ဖောက်ကာ ရှောင်တိမ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက ဆည်တာဘောင် မြေသား အလျား ၇၅ ပေ အနံ ပေ ၆၀ အိကျခဲ့တာကြောင့် ဒေသခံတွေ ဝိုင်းဝန်းပြုပြင်ခဲ့ကြရသေးတယ်လို့ သိရပြီး မမြဆည် ကျိုးကျသွားပါက မြန်အောင်ခရိုင်နဲ့ ဟင်္သာတခရိုင်က မြို့နယ်တွေအားလုံးနီးပါ ရေဖုံးလွှမ်းသွားနိုင်တယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်၊ သီပေါ-မိုင်းကိုင်လမ်းမပေါ်က နားမခေါ်ရွာအနီး စစ်ဆေးရေးဂိတ်မှာ အိမ်စီးကားတွေနဲ့ ကုန်ကားတွေကို စစ်ဆေးရေးဂိတ်ဖြတ်ခ သိန်းချီတောင်းနေတာကြောင့် ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေအဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရန်ကုန်မြို့တွင်းရှိ Grab Food Rider တွေရဲ့ အစားအသောက် ပို့ဆောင်ခ (Deli ခ) တွေကို အောက်တိုဘာလ ၉ ရက် ညနေ…