ရုပ်သံ
Daily NEWS
အောက်တိုဘာ ၁၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်မှာ အပူရှိန်ကြောင့် အသက်ကြီးပိုင်း အမျိုးသားတဦး လမ်းသွားရင်းမူးလဲသေဆုံး
အောက်တိုဘာ ၁၂
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အသက်ကြီးပိုင်း အမျိုးသားတဦး HeatStroke ဖြစ်ကာ ရုတ်တရက် လဲကျသေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၂ ရက် ဒီကနေ့ နေ့လယ်ပိုင်း ၁၁ နာရီခွဲခန့်က အသက်ကြီးပိုင်း အမျိုးသားတဦး မူးလဲကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
"လမ်းပေါ်လဲကျသွားတာ၊ ဘေးကလူတွေက ဝိုင်းလာပြီးကြည့်တော့ မလှုပ်တော့ဘူး။ အဲ့တာနဲ့ ဘေးကလူတွေက ကယ်ဆယ်ရေးတွေဖုန်းခေါ်ပြီး အဖွဲ့တွေရောက်လာတော့ အသက်မရှိတော့ဘူး။ နေအပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်တာ ဖြစ်နိုင်တယ်။ ရန်ကုန်နေက မနက် ၉ နာရီလောက်ကို အပြင်ထွက် ကြက်ဥကြော်လို့ကို ရနေတာ၊ အရမ်းကို ပူနေတာပဲ" လို့ ရန်ကုန်မြို့က ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးအောင်ဌေးဆိုသူဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူတဦး ဖြစ်တယ်လို့သိရကာ ယခင်ကလည်း သွေးတိုးရောဂါ အခံရှိတယ်လို့ သိရပါတယ်။
အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး စစ်ဆေးခဲ့ရာက အမျိုးသားဟာ သေဆုံးနေပြီဖြစ်တာကြောင့် မိသားစုဝင်တွေကိုဆက်သွယ်ကာ သေဆုံးရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်း ကျေးရွာအုပ်စုမှာ မိုးကြိုးပစ်ရာက စက်ကွင်းမလွတ်ဘဲ နေအိမ်ထဲရှိ သားအဖ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို ရပ်ကွက်ထဲက လူမိုက်တဦးက ဓားရှည်ကိုင်ကာ လာရောက်ခြိမ်းခြောက် သောင်းကျန်းတဲ့ဖြစ်စဥ် လူမှုကွန်ယက်ပေါ် ပျံ့နှံခဲ့ပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာက အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရပြီး ဈေးပွဲတော်ထဲ သေနတ်ပစ်ဖောက်ကာ လူငယ်တချို့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။