ရုပ်သံ
Daily NEWS
အောက်တိုဘာ ၃၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ဆို
နိုဝင်ဘာ ၂
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်ပြီး လာမယ့် ဆောင်းရာသီနှင့် နွေရာသီကာလတွေမှာ အပူချိန်တွေ အလွန်အမင်း မြင့်မားလာကာ ရေရှားပါးမှု ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနတွေရဲ့ သုံးသပ်ချက်တွေအေ အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်ထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ ပိုမိုမြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိ လေထုဖြစ်စဉ်တွေအရ အားအလွန်ကောင်းတဲ့ အယ်လ်နီညို အခြေအနေမှာ ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မမှန်တာ၊ အပူချိန်တွေ မြင့်မားတာနှင့် မိုးခေါင်ရေရှားတာ စတဲ့အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တွေမှာ ရေနည်းပါးသွားနိုင်ပြီး သောက်သုံးရေနှင့် စိုက်ပျိုးရေတွေ ပြတ်လပ်တာ၊ အပူရှပ်တာ၊ ရေဓာတ်ခန်းခြောက်တာနှင့် ရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။
ရေလှောင်တမံတွေမှာလည်း ရေဝင်ရောက်မှု နည်းပါးနိုင်တဲ့အတွက် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု လျော့ကျသွားနိုင်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပိုမိုမြင့်မားလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ