အရေးပေါ်
ပြည်တွင်းသတင်း

ရန်ကုန်မှာ အသက်မပြည့်သေးတဲ့ ကလေးသူခိုးတွေ ပေါများလာ

၂၀၂၆ အောက်တိုဘာ ၁၉ Myo Taw
ရန်ကုန်မှာ အသက်မပြည့်သေးတဲ့ ကလေးသူခိုးတွေ ပေါများလာ

ရန်ကုန်မှာ အသက်မပြည့်သေးတဲ့ ကလေးသူခိုးတွေ ပေါများလာ

အောက်တိုဘာ ၁၉

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာထဲက တိုက်ခန်းတွေက ပစ္စည်းတွေကို အသက်မပြည့်သေးတဲ့ ကလေးသူခိုးတယောက်က လိုက်လံခိုးယူနေတယ်လို့ ဒေသခံတွေက CCTV မှတ်တမ်းတွေနဲ့တကွ ဖော်ပြလာပါတယ်။

“တိုက်ပေါ်ထိ တက်ခိုးတဲ့ ဝါရင့်ကလေးသူခိုး ဖြစ်ပါတယ်။ လှိုင်သာယာ ကျန်စစ်မင်းမှာ တိုက်တွေကို လှည့်လည်ပြီး စက်ဘီးတွေ လိုက်ခိုးနေပါတယ်ရှင့်။ အခု သူခိုးသွားတာ ကျွန်မဘီးပါရှင့်၊ ကျွန်မပြီးရင် သူများအလှည့်ရောက်မှာစိုးလို့ အများသိစေရန် CCTV မှတ်တမ်း တင်ပေးလိုက်ပါတယ်။ Video ကို share ပေးခြင်းဖြင့် လူများကို ကူညီနိုင်ပါတယ်ရှင့်” ဆိုပြီး စက်ဘီးအခိုးခံရသူ အမျိုးသမီးတဦးက လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းအစိုးရလက်ထပ်မှာ ကျောင်းနေအရွယ်ကလေးငယ်တွေပါ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်လာနေပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေက လုယက်သတ်ဖြတ်မှုတွေမှာ ကလေးငယ်တွေ အများဆုံး ပါဝင်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူမြို့က အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်ခံရမှုမှာလည်း ကျူးလွန်သူတွေထဲမှာ ၈ တန်းကျောင်းသားတဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်