အရေးပေါ်
ပြည်တွင်းသတင်း

လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေမှာ ကျွဲဂိမ်းလောင်းကစား Link တွေ ပေးပို့ခံရပြီးနောက် Viber နည်းပညာချို့ယွင်းမှုလို့ ကုမ္ပဏီတချို့ ရှင်းလင်း

၂၀၂၆ နိုဝင်ဘာ ၂၇ Myo Taw
လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေမှာ ကျွဲဂိမ်းလောင်းကစား Link တွေ ပေးပို့ခံရပြီးနောက် Viber နည်းပညာချို့ယွင်းမှုလို့ ကုမ္ပဏီတချို့ ရှင်းလင်း

လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေမှာ ကျွဲဂိမ်းလောင်းကစား Link တွေ ပေးပို့ခံရပြီးနောက် Viber နည်းပညာချို့ယွင်းမှုလို့ ကုမ္ပဏီတချို့ ရှင်းလင်း

နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု၊ အာမခံနဲ့ အွန်လိုင်းဈေးဝယ်လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေကတဆင့် ကျွဲဂိမ်း အပါအဝင် တရားမဝင် အွန်လိုင်းလောင်းကစား ကြော်ငြာ Link တွေ ပေးပို့မှု ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီးနောက် အသုံးပြုသူတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အဆိုပါ လောင်းကစားကြော်ငြာစာတွေမှာ လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေကနေ ပေါ်ထွက်လာတာဖြစ်ပြီး “AF Game AF1500 မှာ လူကြိုက်များသော ကျွဲဂိမ်းကို စမ်းကစားပါ။ အခုပဲ ကံစမ်းပြီး သင့်အလှည့်ကို ဖွင့်လိုက်ပါ” ဆိုတဲ့ စာသားနဲ့အတူ သံသယဖြစ်ဖွယ် Link တွေ ပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လောင်းကစား Link တွေ ပေါ်ထွက်ခဲ့တဲ့ Viber Channel တွေထဲမှာ AYA Bank (AYA Pay), MPT, Hi-INTERNET, Wcom Broadband, City Mall Online နဲ့ Manulife Myanmar၊ Manulife Myanmar Agency စတဲ့ လုပ်ငန်းကြီးတွေရဲ့ တရားဝင် Channel တွေ ပါဝင်ခဲ့ပါတယ်။

“ကုမ္ပဏီရဲ့ တရားဝင် Channel ဆိုတော့ ယုံကြည်ပြီး ဝင်ထားကြတာပါ။ အခုလို လောင်းကစား Link တွေ ရောက်လာတော့ ဘယ် Link က အစစ်လဲ၊ ဘယ်ဟာက အန္တရာယ်ရှိလဲဆိုတာ ခွဲခြားရခက်လာတယ်။ ပုံမှန်ဆိုရင် ဘဏ်နဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ အသိပေးချက်တွေကို ဒီ Channel တွေကနေ ယုံကြည်ပြီး ဖတ်ကြတာပါ။ အခုလိုဖြစ်လာတော့ ကိုယ်ရေးအချက်အလက်နဲ့ ငွေကြေးလုံခြုံရေးအတွက်ပါ စိုးရိမ်ရလာပြီ” လို့ Viber အသုံးပြုသူတဦးက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ Viber Account တွေ Hack ခံရတာလား၊ Viber Platform ရဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်တာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိ Viber ဘက်က အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ တရားဝင်ရှင်းလင်းချက် ထုတ်ပြန်လာတာ မရှိသေးသလို လုပ်ငန်းတွေရဲ့ Viber Channel တွေကနေ လောင်းကစား Link တွေပေးပို့ခံရတာဟာ အကောင့်တွေ Hack ခံရတာလား၊ Platform ဘက်က နည်းပညာချို့ယွင်းမှုလား ဆိုတာကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လည်းသိရပါတယ်။

Hi-INTERNET တာဝန်ရှိသူတဦးက အဆိုပါဖြစ်စဉ်အတွက် တောင်းပန်ကြောင်းနဲ့ သူတို့ကုမ္ပဏီ System Engineer တွေက စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း အခုလို ပြောဆိုထားပါတယ်။

“အဆင်မပြေမှုလေး ဖြစ်သွားတဲ့အတွက် Hi Internet မှ အနူးအညွတ် တောင်းပန်ပါတယ်။ အဲဒီ Issue အတွက် System Engineer တွေနဲ့ ဆက်သွယ်လုပ်ဆောင်နေပါတယ်။ Viber Service Provider ဘက်မှာ Issue ဖြစ်သွားလို့ပါ။ Hi Internet က ပို့တာ မဟုတ်ပါဘူး။ Viber Channel အများအပြားမှာ ပေါ်နေကြောင်း တွေ့ရှိရပါတယ်။ သက်ဆိုင်ရာဌာနဘက်ကိုလည်း စစ်ဆေးပေးပါရန် အကြောင်းကြားထားပါတယ်” လို့ ပြန်လည်ရှင်းလင်းထားပါတယ်။

အလားတူ AYA Bank ကလည်း AYA Bank နဲ့ AYA Pay တို့ရဲ့ Viber Channel တွေမှာ ဖြစ်ပေါ်နေတဲ့ အဆိုပါကိစ္စက Viber Platform နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး Viber ဘက်က တာဝန်ယူ စစ်ဆေးဖြေရှင်းနေတယ်လို့လည်း အသိပေးထားပါတယ်။

အွန်လိုင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ တရားဝင် Channel တွေကနေ ရောက်ရှိလာတဲ့ Link ဖြစ်ပေမယ့် သံသယဖြစ်ဖွယ် Link တွေကို မနှိပ်ကြဖို့နဲ့ ဘဏ်အကောင့်၊ စကားဝှက်၊ OTP ကုဒ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို မသက်ဆိုင်သူတွေထံ မပေးအပ်ကြဖို့ကို နည်းပညာကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ရုပ်သံ ပြည်တွင်းသတင်း

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ စစ်သား ၂ ဦး စကားများရန်ဖြစ်ကြရင်း အပြန်အလှန်ပစ်ခတ်ကြလို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့တယ်လို့…

ဖတ်ရန်