အရေးပေါ်
ပြည်တွင်းသတင်း

ကျောက်မဲက ရတီမှန် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားခန့်နဲ့ ငွေသား သိန်း ၃၀ ခန့်ပါသွား

၂၀၂၆ စက်တင်ဘာ ၂၅ Myo Taw
ကျောက်မဲက ရတီမှန် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားခန့်နဲ့ ငွေသား သိန်း ၃၀ ခန့်ပါသွား

ကျောက်မဲက ရတီမှန် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားခန့်နဲ့ ငွေသား သိန်း ၃၀ ခန့်ပါသွား

စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပင်လုံလမ်းရှိ “ရတီမှန်’ ရွှေဆိုင်ကို ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကိုင်အမျိုးသားနှစ်ဦးက ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေအပြင် ဖုန်းနဲ့ ငွေသားတွေ ယူဆောင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နှစ်စီးနဲ့ ဆိုင်ထဲကို ရောက်လာကာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆိုင်အတွင်းက ရွှေထည်ပစ္စည်းတွေကို သိမ်းကျုံးယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

ဓားပြတိုက်သူတွေဟာ ရွှေထည်ပစ္စည်း ခန့်မှန်း ၅၀ ကျပ်သားခန့်အပြင် ငွေသား ကျပ်သိန်း ၃၀ ဝန်းကျင်နဲ့ iPhone ဖုန်း ၃ လုံးကိုပါ ယူဆောင်သွားတယ်လို့ ကနဦးသိရပါတယ်။ ဆိုင်အတွင်းက ရွှေတွေကို အတိအကျစာရင်းပြုစုနိုင်ခြင်း မရှိသေးတာကြောင့် ဆုံးရှုံးမှုတန်ဖိုး အတိအကျကိုတော့ မသိရသေးပါဘူး။

ဓားပြတိုက်ပြီးနောက် အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားခဲ့ပြီး လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့မှာ စက်တင်ဘာ ၁၂ ရက်ကလည်း မြို့မဈေးအတွင်း ဖွင့်လှစ်ထားတဲ့ ‘ရွှေမိုး’ ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၇၀ ကျပ်သားခန့် ပါသွားခဲ့သလို ဆိုင်ပိုင်ရှင်နဲ့ အမျိုးသားတစ်ဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်