အရေးပေါ်
နိုင်ငံတကာသတင်း

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ

၂၀၂၆ အောက်တိုဘာ ၂ Myo Taw
ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ

အောက်တိုဘာ ၂

ထိုင်းနိုင်ငံ ချာချိုအင်ဆောင်ပြည်နယ်၊ စနမ်ချိုင်ခက်မြို့နယ်မှာ ရေကြီးနေချိန် လူနေအိမ်တွေနား မိကျောင်းတကောင် တွေ့ရှိခဲ့ပြီး ဒေသခံတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေက ဖမ်းဆီးသုတ်သင်ခဲ့ရတယ်လို့ သိရပါတယ်။

ရေကြီးမှုတွေ ဖြစ်ပွားနေတဲ့ အောက်တိုဘာ ၁ ရက်နေ့က ခွေယိုင်မီ တမ်ဘွန်၊ ဘန်ဘန်းဖာနီယန်း ကျေးရွာ မူး ၂ မှာ အရှည် ၂ မီတာခန့်ရှိတဲ့ မိကျောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါမိကျောင်းကို စနမ်ချိုင်ခက် ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့က သွားရောက်ဖမ်းဆီးပြီး ဒေသခံတွေ ဘေးကင်းရေးအတွက် သုတ်သင်ခဲ့တယ်လို့ ချာချိုအင်ဆောင် ပြည်နယ်ကောင်စီဝင် အူဒွန် ထက်ဝတီက ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖော်ပြပါတယ်။

“မိကျောင်းကို သုတ်သင်ပြီးပါပြီ။ စနမ်ချိုင်ခက် ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်” လို့ အူဒွန်က ရေးသားထားပါတယ်။

လက်ရှိမှာလည်း ရေကြီးရေလျှံမှုတွေကြောင့် တွားသွားသတ္တဝါတွေနဲ့ ရေသတ္တဝါတွေဟာ သဘာဝနေရင်းဒေသတွေကနေ လူနေထူထပ်တဲ့ နေရာတွေဆီ ရွှေ့ပြောင်းလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့ နိုင်ငံတကာသတင်း

ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စက်သဟစ်မြို့နယ်အနီး ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငါးဖမ်းလှေနစ်မြုပ်အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို…

ဖတ်ရန်
သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ နိုင်ငံတကာသတင်း

သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ

အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတဦးကို သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ် ထိုးပေးခဲ့ပေမယ့် သေဆုံးခြင်းမရှိတာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ The Guardian…

ဖတ်ရန်
ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို နိုင်ငံတကာသတင်း

ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဟာ လက်ရှိမှာ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော် ရှိနေပြီး အလွန်အမင်း အဝလွန်နေတဲ့အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက…

ဖတ်ရန်
လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း နိုင်ငံတကာသတင်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၃၀…

ဖတ်ရန်