အရေးပေါ်
နိုင်ငံတကာသတင်း

ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ

ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ

အောက်တိုဘာ ၂၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဦးနှောက်သွေးယိုစီးပြီး ကိုမာဝင်ကာ သတိလစ်မေ့မြောနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက် ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားနိုင်ငံတွင်းက အထည်အလိပ်နဲ့ ဖိနပ်ထုတ်ကုန်ပြပွဲတခုမှာ သမီးဖြစ်သူနဲ့အတူ လူလုံးထွက်ပြလာခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် The Sun အပါအဝင် အနောက်တိုင်း သတင်းစာတချို့ရဲ့ ဖော်ပြချက်တွေမှာတော့ ကင်ဂျုံအန်းဟာ ဦးနှောက်သွေးကြောပြတ်ပြီး သတိလစ်သွားခဲ့တာကြောင့် အရေးပေါ် ဆေးကုသမှု ခံယူဖို့ တရုတ်နိုင်ငံ ပေကျင်းမြို့ကို အလျင်အမြန် ပို့ဆောင်ထားရတယ်လို့ ကောလာဟလအနေနဲ့ သတင်းတွေ ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၂၀ ရက် ဒီကနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA ကနေ ကင်ဂျုံအန်းရဲ့ သတင်းနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါသတင်းမှာတော့ ကင်ဂျုံအန်းဟာ အောက်တိုဘာ ၁၉ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ "အမျိုးသားအဆင့် အဝတ်အထည်နဲ့ ဖိနပ်ထုတ်ကုန်ပြပွဲ" ကို သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ သွားရောက်လေ့လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KCNA ရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ကင်ဂျုံအန်းဟာ ကိုမာဝင်နေတဲ့ လက္ခဏာမျိုး လုံးဝမတွေ့ရဘဲ ပုံမှန်အတိုင်း လမ်းလျှောက်ကာ ပြခန်းတွင်းက အင်္ကျီတွေကို လက်နဲ့ ကိုင်တွယ်စစ်ဆေးနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အနားမှာလည်း သမီးဖြစ်သူနဲ့ တာဝန်ရှိသူတွေ ဝန်းရံလျက် စကားပြောဆိုနေတာ တွေ့ရပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်တာကြောင့် ပြင်ပကနေ သီးခြားအတည်ပြုဖို့ ခက်ခဲလေ့ရှိပြီး အခုလို သေဆုံးခါနီးဖြစ်နေပြီဆိုတဲ့ ကောလာဟလတွေဟာ အရင်ကလည်း ခဏခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်