အရေးပေါ်
နိုင်ငံတကာသတင်း

မြန်မာအပါအဝင် ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းဗီဇာ ရပ်ဆိုင်းမှု ဖက်ဒရယ်ခရိုင်တရားသူကြီး ပယ်ဖျက်

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မြန်မာအပါအဝင် ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းဗီဇာ ရပ်ဆိုင်းမှု ဖက်ဒရယ်ခရိုင်တရားသူကြီး ပယ်ဖျက်

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကနေ အမေရိကန်ကို လာရောက် ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားသူတွေအတွက် ရွှေ့ပြောင်းအခြေချခွင့် ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ထားတဲ့ ထရမ့်အစိုးရဲ့ မူဝါဒကို နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ဖက်ဒရယ် ခရိုင်တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ရေး မူဝါဒဟာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ ဥပဒေကြောင်းအရ သတ်မှတ်ထားတဲ့ အခွင့်အာဏာထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သလို ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ မန်ဟက်တန်အခြေစိုက် ဖက်ဒရယ်ခရိုင် တရားသူကြီး ဂျဲနက် ဗားဂတ်စ် က ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်သက်ရောက်ခဲ့တဲ့ အဆိုပါ မူဝါဒကြောင့် မြန်မာ အပါအဝင် လက်တင်အမေရိက၊ ဘော်ကန်၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ကာရေဘီယံဒေသ စတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံက ဗီဇာလျှောက်ထားသူတွေကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အဆိုပါနိုင်ငံတွေက ရွှေ့ပြောင်းအခြေချခွင့်ဗီဇာ လျှောက်ထားသူတွေဟာ အမေရိကန်ရောက်ရင် အစိုးရရဲ့ လူမှုဖူလုံရေးနဲ့ အများပြည်သူဆိုင်ရာ ဘဏ္ဍာရေး အကူအညီတွေအပေါ် အလွန်အမင်း မှီခိုလာနိုင်ခြေရှိတာကြောင့်လို့ အကြောင်းပြထားပြီး ဖက်ဒရယ်ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒီအမှုကို သမ္မတဟောင်း ဂျိုးဘိုဒင် ခန့်အပ်ခဲ့တဲ့ ဖက်ဒရယ်ခရိုင်တရားသူကြီး ဂျဲနက်ဗားဂတ်စ် က ကြားနာစစ်ဆေးခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူ အခွင့်အရေးအဖွဲ့တွေ၊ ဗီဇာလျှောက်ထားသူတွေနဲ့ မိသားစုဝင်တွေကို ဗီဇာထောက်ခံပေးနေတဲ့ အမေရိကန်နိုင်ငံသားတွေက ပူးပေါင်း တရားစွဲဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ပြည်တွင်းလုံခြုံရေး တိုးမြှင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်နေတာလို့ ပြောဆိုပေမယ့် ဒီလိုတင်းကျပ်မှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဥပဒေကြောင်းအရ ထိုက်တန်တဲ့ တရားမျှတမှု ရပိုင်ခွင့်တွေကို ချိုးဖောက်နေသလို၊ အထူးသဖြင့် လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိတဲ့ လူနည်းစုတွေအတွက် မလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

Ref & Photo; Reuters

ဆက်စပ် သတင်းများ

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက်…

ဖတ်ရန်
Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော

လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင် (KMCC)…

ဖတ်ရန်
မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး နိုင်ငံတကာသတင်း

မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံရဲ့ ဆိုးရွားနေပြီးသား လူ့အခွင့်အရေးအခြေအနေဟာ “အနိမ့်ဆုံးအဆင့်သစ်” တခုအထိ ကျဆင်းလာနေပြီး တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လည်ရေးစခန်းတွေ မြင့်တက်လာမှုကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ဖတ်ရန်
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို နိုင်ငံတကာသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေးအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်…

ဖတ်ရန်