အရေးပေါ်
နိုင်ငံတကာသတင်း

ရှားရဲ့ စစ်ဘက်စက်မှုလုပ်ငန်းကို ပစ်မှတ်ထားတဲ့ အရေးယူမှုအသစ် ၁,၆၀၀ နီးပါး အီးယူ အတည်ပြု

၂၀၂၆ အောက်တိုဘာ ၁၂ Myo Taw
ရှားရဲ့ စစ်ဘက်စက်မှုလုပ်ငန်းကို ပစ်မှတ်ထားတဲ့ အရေးယူမှုအသစ် ၁,၆၀၀ နီးပါး အီးယူ အတည်ပြု

ရှားရဲ့ စစ်ဘက်စက်မှုလုပ်ငန်းကို ပစ်မှတ်ထားတဲ့ အရေးယူမှုအသစ် ၁,၆၀၀ နီးပါး အီးယူ အတည်ပြု

အောက်တိုဘာ ၁၂

ရုရှားရဲ့ စစ်ဘက်စက်မှုလုပ်ငန်းနဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးကွင်းဆက်ကို အဓိကပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ် ၁,၆၀၀ နီးပါးကို ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

အီးယူ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကဲလက်စ်က အရေးယူမှုအသစ်တွေထဲက ထက်ဝက်ကျော်ဟာ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးကွင်းဆက်နဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုထားတယ်။

အဲဒီထဲမှာ အမေရိကန်ထုတ် ပက်ထရီးယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့သာ ကြားဖြတ်ဟန့်တားနိုင်တဲ့ ရုရှားရဲ့ 9M723 အစ္စကန်ဒါ-အမ် (Iskander-M) ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

လက်ရှိမှာ အမေရိကန်ဘက်က စစ်ရေးအရင်းအမြစ်တွေကို ပင်လယ်ကွေ့ဒေသဘက် လွှဲပြောင်းအသုံးပြုနေတာကြောင့် ယူကရိန်းဆီမှာ ပက်ထရီးယော့ ဒုံးခွင်းဒုံးတွေ ပြတ်လပ်လုနီးပါး ဖြစ်နေပြီး လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် အားနည်းလာချိန် ရုရှားက အခွင့်ကောင်းယူပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

အရေးယူမှုစာရင်းမှာ ဒုံးကျည်စမ်းသပ်ရေးနဲ့ သုတေသနလုပ်ငန်းတွေ၊ ဒုံးအင်ဂျင်နဲ့ လောင်စာထုတ်လုပ်သူတွေ၊ ဒရုန်းထုတ်လုပ်သူတွေအပြင် ရေငုပ်သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ သင်္ဘောကျင်းတွေလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရုရှားနိုင်ငံရေးသမား ၇၇ ဦးကိုလည်း အရေးယူမှုစာရင်းထဲ ထည့်သွင်းထားသလို ရုရှားရဲ့ စစ်ရေးကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီနေတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၇ ဦးကိုပါ အီးယူက အရေးယူထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကတော့ ပိတ်ဆို့အရေးယူမှုတွေ မရုပ်သိမ်းမချင်း ဒီဇယ်လောင်စာ ပြည်ပတင်ပို့မှုကို ပြန်လည်စတင်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။

အီရန်စစ်ပွဲနဲ့ ရုရှားရေနံချက်စက်ရုံတွေကို ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ဒီဇယ်ဈေးကွက်မှာ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှမတဖြစ်လာသလို ရုရှားအတွင်းမှာလည်း ဒီဇယ်ဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား နိုင်ငံတကာသတင်း

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား

အိန္ဒိယနိုင်ငံမှာ နိုင်ငံသား သန်း ၁၃၀ ကျော်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်" လူငယ်လှုပ်ရှားမှုအဖွဲ့က…

ဖတ်ရန်
မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး နိုင်ငံတကာသတင်း

မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

မွန်ဂိုးလီးယားနိုင်ငံ၊ မြို့တော် အူလန်ဘာတာ မြို့စွန်က နေအိမ်တလုံးထဲကို ဝက်ဝံတကောင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်မှာရှိနေတဲ့ အမျိုးသားတဦး သေဆုံးသွားပြီး အမျိုးသမီးတဦးလည်း အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဖတ်ရန်