အရေးပေါ်
မှုခင်းသတင်း

ရေးဘီလူးပို့စ်ကို အသဲပေးလို့ အမျိုးသမီး ၁ ဦးကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွား

၂၀၂၆ သြဂုတ် ၂၅ Myo Taw
ရေးဘီလူးပို့စ်ကို အသဲပေးလို့ အမျိုးသမီး ၁ ဦးကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးသွား

မွန်ပြည်နယ်၊ ရေးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ရေးဘီလူးရဲ့ Facebook အကောင့်က တင်တဲ့ ပို့စ်တွေကို အသဲပေးခဲ့တဲ့ အမျိုးသမီးတဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်က ရေးမြို့နယ် မော့ကနင်ကျေးရွာက နေအိမ်တခုကို ဝင်ရောက်စီးနင်းကာ အသက် ၂၅ နှစ်အရွယ် မနဒီဆိုသူကို ရေးဘီလူးပို့စ်တွေမှာ အသဲပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

"အခုရက်ပိုင်း အဖမ်းအဆီးအများဆုံးက ရေးဘီးလူး Page မှာ Commet ပေးတဲ့သူ Like ပေးတဲ့သူတွေကို ဖမ်းတာ။ သူတို့စိုးမိုးတဲ့နယ်မြေက လူတွေကို အဓိက ဝင်ဖမ်းတယ်။ လမ်းတွေမှာ ဖုန်းတွေကို စစ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ မနဒီကို မော့ကနင်းကျေးရွာအခြေစိုက် အမှတ်(၁၀၆) ခြေလျင်တပ်ရင်းက စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ သိရပြီး အကြမ်းဖက် အားပေးပုဒ်မနဲ့ တရားစွဲမယ်လို့ သိရပါတယ်။

ရေးဘီးလူး Page အောက်မှာ Comment ရေးသူနဲ့ အသဲပေးသူတွေကို ဩဂုတ်လ အစပိုင်းက စတင်ကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး ဖမ်းဆီးခံရသူ ၄ ဦးထက်မနည်း ရှိပြီလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်