厄尔尼诺或于年底达到峰值
2026年10月3日
6 次观看
အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို
လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာထဲမှာ အင်အားအလွန်ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး ဒါဟာ သမိုင်းတလျှောက် အပြင်းထန်ဆုံးတစ်ခု ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ နှစ် ၇၀ အတွင်း အပြင်းထန်ဆုံး အယ်လ်နီညိုအဖြစ် ဖြစ်ပေါ်လာတယ်လို့ သြစတြေးလျ မိုးလေဝသဗျူရို (Bureau of Meteorology) က သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ယခုနှစ် အယ်လ်နီညို ဖြစ်စဉ်ဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း သမိုင်းတလျှောက် အကြီးမားဆုံး အယ်လ်နီညိုဖြစ်စဉ်တွေထဲက တစ်ခု ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ကိုလည်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
မြို့တော် News Channel
#climatechange
#climate
#International_News
#elnino2026
#elñiño
#myotawnpt
#Myotaw