အရေးပေါ်
ပြည်တွင်းသတင်း

မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ

မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ

အောက်တိုဘာ ၈

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲမှာ စစ်မှုထမ်းအတွက် လူငယ်တဦးကို နေအိမ်ထိ လာရောက်ဖမ်းဆီးသွားပြီး မိသားစုဝင်တွေက ပြန်ရွေးထုတ်ဖို့ ကြိုးစားပေမဲ့ ပြန်ရွေးခွင့်မရတော့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ Rangoon Scout Network (RSN) က ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂ ရက် ည ၉ နာရီဝန်းကျင်က မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ သုခိတာလမ်းသွယ်ထဲ နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် စက်ရုံဝန်ထမ်း အမျိုးသားတဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်အဖွဲ့က စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်ထိ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တွေက ပြန်လည်ရွေးထုတ်နိုင်ဖို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းအပါအဝင် နေရာအနှံ့ကို သွားရောက်စုံစမ်းခဲ့ရပေမဲ့ တာဝန်ရှိသူတွေဘက်က အချိန်ဆွဲထားခဲ့ပြီး၊ အောက်တိုဘာ ၅ ရက် မနက်ပိုင်းရောက်မှ ပြန်ရွေးလို့ မရတော့ဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၆ ရက် ည ၁၀ နာရီကျော်အချိန်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ ခေမာသီလမ်းမပေါ်က နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဘေးတွဲအဖွဲ့တွေ စုပေါင်းပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို ဧည့်စာရင်းစစ်ဆေးချိန်မှာ နေအိမ်တွေထဲရှိ လူအားလုံးကို အိမ်အပြင်ထွက်ပြခိုင်းခဲ့သလို၊ အဲဒီနားကနေ လမ်းလျှောက်ဖြတ်သွားတဲ့ အမျိုးသားတဦးကိုလည်း အရက်မူးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘေးတွဲပေါ်တင်ကာ ရပ်ကွက်ရုံးဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ Rangoon Scout Network ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းမှာပါ စစ်မှုထမ်းစာရင်း အကြောင်းပြပြီး လူငယ်တွေကို နေအိမ်ထိ လာရောက်ဖမ်းဆီးတာတွေအပြင် ညဘက် ဧည့်စာရင်းစစ်ဆေးရင်း လမ်းသွားလမ်းလာတွေကိုပါ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်နေတာကြောင့် ဒေသခံပြည်သူတွေအကြား နေ့စဉ်သွားလာလှုပ်ရှားမှုနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုတွေ ပိုမိုမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ရုပ်သံ Latest NEWS

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…

ကြည့်ရန်
“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး ပြည်တွင်းသတင်း

“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၅ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်က မန်းတုံမြို့နယ်၊ ပန်ခါးလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ် အရွယ် ဦးခမ်းလွန်…

ဖတ်ရန်
နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး ပြည်တွင်းသတင်း

နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့မှာ နေပူထဲ ဆိုင်ကယ်နဲ့ သွားနေချိန် သတိမေ့လဲကျရာက ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လှေနဲ့ ငါးရှာနေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံငါးရှာသူ ၂ ဦး ပျောက်ဆုံးနေ ပြည်တွင်းသတင်း

လှေနဲ့ ငါးရှာနေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံငါးရှာသူ ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ လှေနဲ့ ငါးဖမ်းထွက်တဲ့ ဒေသခံ ၃ ဦးကို အဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံ ၂ ဦး…

ဖတ်ရန်