အရေးပေါ်
ပြည်တွင်းသတင်း

ပျိုးနှုတ်နေတဲ့ လူငယ်တဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရ

၂၀၂၆ သြဂုတ် ၂၈ Myo Taw
ပျိုးနှုတ်နေတဲ့ လူငယ်တဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ တောင်ယာလုပ်ကိုင်နေတဲ့ လူငယ်အမျိုးသားတဦး သြဂုတ် ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပင်းတလဲ တိုက်နယ်ရွာက အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်းရွာ တွေရှိ တောင်ယာလုပ်ငန်းခွင်ထဲအထိ ပေါ်တာဆွဲခဲ့တဲ့အတွက် သြဂုတ် ၂၇ ရက်နေ့က မွန်းလွဲ ၁ နာရီခန့်က ပျိုးနှုတ်နေတဲ့ လူငယ်တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ် ၂၇ ရက်နေ့ မနက်အစော ၄ နာရီခန့်မှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေေ ရွှေတောင်တိုက်နယ်၊ သပြေရိုးရွာ၊ ပဲနံ့သာရွာ၊ တောင်ဘို့ရွာ နဲ့ ခန္တောရွာ တို့ကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ကလည်း ပင်းတလဲ တိုက်နယ်ရှိ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက အမြန်လမ်းဘေးရှိ ကန်ပတ်လည်ရွာ နှင့် မင်းကန်ရွာ ဘက်မှာ လူငယ် ၂ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ Voice of Wundwin ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်း စစ်တပ်က ပင်းတလဲ တိုက်နယ်ရွာရှိ ဆေးရုံ နဲ့ ရဲစခန်းတို့မှာ တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာကြောင့် ဝမ်းတွင်းမြို့နယ်ထဲက လူငယ်တွေဟာ ပြည်ပထွက်ခွာမှုသူတွေ ပိုမိုများပြားလာပြီး လယ်ယာစိုက်ပျိုးမှု အခြေအနေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်