အရေးပေါ်
ပြည်တွင်းသတင်း

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က မလော့ချောင်ကျေးရွာက အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၂ ဦးဟာ ဆိုင်ကယ်နဲ့ ကျိုက်ထိုမြို့ကို ဈေးလာဝယ်ချိန် အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသား ၂ ဦးက သေနတ်ပြ လုယက်ခဲ့တာလို့ သိရပါတယ်။

“ထွက်ပြေးဖို့လုပ်တော့ သေနတ်မိုးပေါ်ထောင်ပြီး ၂ ချက်ဖောက်တယ်တဲ့၊ ပြီးတော့ ရွှေတွေ ချွတ်ပေးလိုက်ရတာလို့ ပြောတယ်။ ကာလတန်ဖိုး သိန်း ၃၀၀ ကျော်လောက် ပါသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတာကြောင့် ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပြီး အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ထိ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကော့ထင်းနဲ့ ဘိုရားကြီးကျေးရွာလမ်းပိုင်းဟာ ကား၊ ဆိုင်ကယ်တွေ အမြဲတမ်းလိုလို သွားလာနေတဲ့ လမ်းပိုင်းဖြစ်ပြီး အခုလို သေနတ်ပြ လုယက်မှုတွေလည်း မကြာခဏ ကြုံရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်