အရေးပေါ်
ပြည်တွင်းသတင်း

အကြွေး ၄၅ သိန်းပေးစရာရှိတာကို ယောက်ျား သိမှာစိုးလို့ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်

၂၀၂၆ အောက်တိုဘာ ၆ Myo Taw
အကြွေး ၄၅ သိန်းပေးစရာရှိတာကို ယောက်ျား သိမှာစိုးလို့ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်

အကြွေး ၄၅ သိန်းပေးစရာရှိတာကို ယောက်ျား သိမှာစိုးလို့ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်

အောက်တိုဘာ ၆

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာ ဓားပြတိုက်ခံရတယ်လို့ အုပ်ချုပ်ရေးမှူးထံ လိမ်လည် တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ပုသိမ်းကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက် မနေ့က မနက် ၁၁ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကုန်းတန်းရပ်ကွက်၊ သိဒ္ဓိအောင်လမ်းက နေအိမ်တအိမ်မှာ ယောက်ျားမရှိချိန် အမည်မသိအမျိုးသား ၆ ဦးက သေနတ်အတိုတလက်နဲ့ ဓားအတိုအရှည်တွေ ကိုင်ဆောင်ကာ Mark 2 ကား ခဲရောင်၊ ဆိုင်ကယ် ၁ စီးတို့နဲ့ ရောက်လာခဲ့ကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ဓားပြတိုက်ခံရချိန် အိမ်မှာ ဇနီးဖြစ်သူနဲ့ အိမ်အကူအမျိုးသမီးတဦး တို့သာရှိပြီး ဓားပြတိုက်သူတွေက ကျပ်သိန်း ၁၅၀ ပေးဖို့တောင်းရာ ဇနီးဖြစ်သူက မရှိကြောင်း ပြောဆိုခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်း သော့ခတ်ထားတဲ့ ဗီရိုကို တူနဲ့ ရိုက်ဖွင့်ကာ ငွေကျပ်သိန်း ၁၀၀၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ဇနီးဖြစ်သူ ဝတ်ဆင်ထားတဲ့ နားကပ်တို့ကိုပါ လုယူထွက်ပြေးသွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူးထံ တိုင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့တွေက လမ်းတွေကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ရှင်အမျိုးသမီး ဖြစ်သူကိုလည်း စစ်ဆေးခဲ့ရာ အထည်ဖိုးငွေ ၄၅ သိန်းကျပ် အကြွေးပေးစရာရှိတာကြောင့် ယောက်ျားဖြစ်သူ သိမှာစိုးလို့ လိမ်လည်တိုင်ကြားခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကြီး မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ လိမ်လည်တိုင်ကြားခဲ့တဲ့ အိမ်ရှင် အမျိုးသမီးနဲ့ အိမ်အကူဖြစ်သူတို့ကို တိုင်တန်းခဲ့တာကြောင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက စက်တင်ဘာလ ၆ ရက် ဒီကနေ့မှာ ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လစီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးလို့ ကား၊ ဆိုင်ကယ်နဲ့ အိုးဝေတွေပါ သိမ်းဆည်းခံရ ပြည်တွင်းသတင်း

လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးလို့ ကား၊ ဆိုင်ကယ်နဲ့ အိုးဝေတွေပါ သိမ်းဆည်းခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာမှာ လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အလင်းရောင်ရဖို့လို့ဆိုကာ သက်တမ်းရင့်အပင်ကြီးတွေကို ခုတ်လှဲရောင်းစားတဲ့ မြို့နယ်စီမံအဖွဲ့ ဖမ်းဆီးခံရ ရုပ်သံ Afternoon NEWS

အလင်းရောင်ရဖို့လို့ဆိုကာ သက်တမ်းရင့်အပင်ကြီးတွေကို ခုတ်လှဲရောင်းစားတဲ့ မြို့နယ်စီမံအဖွဲ့ ဖမ်းဆီးခံရ

အလင်းရောင်ရဖို့လို့ဆိုကာ သက်တမ်းရင့်အပင်ကြီးတွေကို ခုတ်လှဲရောင်းစားတဲ့ မြို့နယ်စီမံအဖွဲ့တခုလုံး ဖမ်းဆီးခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီး လုယက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓားနဲ့ အခုတ်ရလို့ သေဆုံး ပြည်တွင်းသတင်း

မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီး လုယက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓားနဲ့ အခုတ်ရလို့ သေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာ အနုကြမ်းစီးပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်