ရန်ကုန်မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ အိမ်ကို ရပ်ကွက်ထဲက လူမိုက်က ဓားကိုင်ကာ လာရောက်သောင်းကျန်းမှုဖြစ်ပွား
အောက်တိုဘာ ၁၂
ရန်ကုန်မြို့မှာ အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို ရပ်ကွက်ထဲက လူမိုက်တဦးက ဓားရှည်ကိုင်ကာ လာရောက်ခြိမ်းခြောက် သောင်းကျန်းတဲ့ဖြစ်စဥ် လူမှုကွန်ယက်ပေါ် ပျံ့နှံခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့က 'လာဘ်ပန်းအိမ်' ပင်လယ်စာနဲ့ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်တဲ့နေအိမ်မှာ အမျိုးသမီး ၂ ဦးတည်းရှိချိန် ဖြစ်ပွားခဲ့တာလို့ သိရပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပေမယ့် ဝင်ရောက်ကူညီရဲတဲ့သူလည်း မရှိခဲ့ဖူးလို့ သိရပါတယ်။
ရုပ်သံဗီဒီယိုဖိုင်ထဲမှာ ဓားရှည်ကိုင်ဆောင်ထားသူ လူရမ်းကားအမျိုးသားတဦးက အမျိုးသမီး ၂ ဦးတည်းရှိတဲ့ နေအိမ်ကို အတင်းဝင်ရောက်ဖို့အတွက် ကြိုးပမ်းပြီး ဓားကိုင်ကာ ခြိမ်းခြောက်သောင်းကျန်းနေတာကို တွေ့ရပြီး အမျိုးသမီးတွေက အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် ဓားကိုင်တဲ့သူ ထွက်ခွာသွားတဲ့အထိ လာရောက်ကူညီသူ မရှိတာကို တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘဲ လူမိုက်တွေရဲ့ ရမ်းကားမှုနဲ့ သူခိုးဓားပြမှုတွေလည်း ပိုများလာကာ လုယက်သတ်ဖြတ်မှုနဲ့ မုဒိန်းမှုတွေပါ ပိုမိုလုပ်ဆောင်လာကြတာကို တွေ့မြင်ရပါတယ်။
မြို့တော် News Channel