အရေးပေါ်
ပြည်တွင်းသတင်း

ပဒေသာပင်တင်လာတဲ့ကား၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၆ နိုဝင်ဘာ ၂၅ Myo Taw
ပဒေသာပင်တင်လာတဲ့ကား၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ

ပဒေသာပင်တင်လာတဲ့ကား၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ဘုံကထိန်လှည့်လာတဲ့ ကား ၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီခန့်က အောင်ပန်းမြို့၊ အမှတ်(၁) ရပ်ကွက်၊ စဝ်စံထွန်းလမ်းနဲ့ အောင်မြတ်သာလမ်းဆုံ အရောက်မှာ ယာဉ်မောင်း မောင်မောင်(ခ)မင်းဦး မောင်းနှင်လာတဲ့ Mazda Mongo အမျိုးအစား အဖြူရောင်ကားက အရှေ့က Hijet ကားကို ဝင်ရောက်တိုက်မိခဲ့ပြီး Hijet ကားက အရှိန်မထိန်းနိုင်ဘဲ ရှေ့က လမ်းလျှောက်လှည့်လည်နေသူတွေကို ထပ်မံတိုက်မိရာက အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။

“နောက်ကားက လီဘာနဲ့ ဘရိတ် မှားနင်းမိတာလို့ ပြောတယ်။ အရှေ့က သပိတ်လွယ်အမျိုသားတယောက် ကားနင်းမိပြီး သေတယ်။ ကျန်တဲ့ ၃ ယောက်လည်း အတော်လေး ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

Hijet ကားကတဆင့် ထပ်မံတိုက်ခဲ့တာကြောင့် ကားရှေ့လမ်းလျှောက်နေသူတွေဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး အခြားသူတွေကို သေဆုံး၊ ဒဏ်ရာရရှိစေခဲ့သူ ယာဉ်မောင်း မောင်မောင်(ခ)မင်းဦးကို အောင်ပန်းနယ်မြေရဲစန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ရုပ်သံ ပြည်တွင်းသတင်း

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ စစ်သား ၂ ဦး စကားများရန်ဖြစ်ကြရင်း အပြန်အလှန်ပစ်ခတ်ကြလို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့တယ်လို့…

ဖတ်ရန်