အရေးပေါ်
ပြည်တွင်းသတင်း

ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား

ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား

အောက်တိုဘာ ၂၀

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားတဦး ဆိုင်ကယ်ကယ်ရီလိုက်ရာက ရိုက်နှက်လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်က ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ပလော့ကျေးရွာနဲ့ ပိတောက်ချောင်းကျေးရွာကြား လူပြတ်တဲ့နေရာမှာ လုယက်ခံရတာဖြစ်ပြီး လုယက်ရိုက်နှက်ခဲ့တဲ့သူတွေဟာ ဆယ်ကျော်သက်အရွယ် လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“အဲ့နေ့က ၁၆ နှစ် ၁၇ နှစ်အရွယ် လူငယ် ၃ ယောက်က သူတို့ကို လိုက်ပို့ဖို့ ကယ်ရီငှားတာ။ ကိုဂျင်မောင်မောင်ကလည်း သဘောရိုးနဲ့ လိုက်ပို့တယ်။ လူပြတ်တဲ့နေရာ ရောက်တော့ ဝိုင်းရိုက်လုကြတာ။ သူသတိလစ်သွားတဲ့အချိန် လူကိုမြောင်းထဲ လွှင့်ပစ်ခဲ့ကြတာ” လို့ ဒေသခံ ကယ်ရီသမားတဦးက ပြောပါတယ်။

လုယက်ရိုက်နှက်ခံရသူဟာ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုဂျင်မောင်မောင် ဆိုသူဖြစ်ပြီး လုယက်သူတွေက အနောက်ကနေ လည်ပင်းကို ဖက်ချုပ်ကာ တုတ်၊ ဝါးလုံးတွေနဲ့ ရက်စက်စွာရိုက်နှက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ ဗိုက်နဲ့ ကျားအင်္ဂါတို့ကို ကန်ကျောက်ခြင်းတို့ ပြုလုပ်ကာ လမ်းဘေးမြောင်းအတွင်း ပစ်ချထားခဲ့ပြီး ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ၊ မှတ်ပုံတင်နဲ့ ရောင်းတဲ့ထီလက်မှတ် အပါအဝင် ပစ္စည်းမှန်သမျှကို ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

လူငယ်ရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုဂျင်မောင်မောင်ဟာ မေးရိုးကျိုး၊ လက်ဖျံရိုး လက်ခုံရိုးများကျိုးပြတ်၊ ရင်ဘတ်၊ ဆီးခုံတို့မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို ဦးခေါင်းလည်း ၇ ချက် ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် ပန်းတနော်ဆေးရုံကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းထားရပြီး တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်