ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ
စက်တင်ဘာ ၃၀
မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ကားလမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ပုသိမ်ကြီးမြို့နယ် ငွေတောင်ရွာအနီး၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဟောင်း အဆင်းလမ်း၊ မိုင်တိုင်အမှတ် ၁၀ မိုင် ၁ ဖာလုံမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသား ၂ ဦး ကားထဲမှာ ညပ်နေခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းက သွားရောက်ပြီး ကယ်ထုတ်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသား ၂ ဦးကို စေတနာမွန် လူမှုကူညီရေးအသင်းရဲ့ လူနာတင်ကားနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကာ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
အလားတူ ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်ကလည်း ဝမ်းတွင်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင် ၃၂၇/၅ နဲ့ ၃၂၇/၆ ကြားမှာ ကားတစီး ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်းရွာ၊ ရွှေမြင်တောင်အနီးမှာ ကားတစီး သစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်ခေါင်းခန်းထဲမှာ အမျိုးသား ၁ ဦး ညပ်နေခဲ့တာကြောင့် ရမည်းသင်း မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါအမျိုးသားဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းရဲ့ ကားနဲ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
တာချီလိတ်မြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးက နေအိမ်ကနေခေါ်ဆောင်ပြီး ၄ ရက်ကြာခန့် ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် မိန်းကလေးငယ်ရဲ့…