အရေးပေါ်
ပြည်တွင်းသတင်း

စဥ့်ကူးမြို့နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
စဥ့်ကူးမြို့နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်သွားလို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က အမည်မသိ လက်နက်ကိုင်ထားတဲ့ လူ ၆ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ပင်လယ်ကြီးကျေးရွာထဲက ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာကာ အိမ်ထဲမှာ စကားပြောနေကြတဲ့သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

"ဦးထွန်းထွန်းဝင်းတို့ လင်မယားရယ်၊ ယောက္ခမကြီးရယ်၊ ရွာထဲက ၂ ယောက်ရယ် သေတယ်။ ကျန်တဲ့ ၂ ယောက်က ဆေးရုံတင်ထားရတယ်။ သူတို့က အုပ်ကြီးတွေဘာတွေလည်း မဟုတ်ဘူး၊ ရွာမှာတော့ မျက်နှာဖုံး လူသိများတဲ့သူတွေပါ" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ရဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး သေဆုံးသူတွေဟာ ဦးထွန်းထွန်းဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်၊ ကျေးရွာမှာနေထိုင်သူ ကိုရှမ်းလေးနဲ့ ကိုထွန်းမြင့်အောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာက အမျိုးသား ၅ ဦးနဲ့ ရွှေဒုံးကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၂ ဦး ပစ်ခတ်ရှင်းလင်းတာ ခံရသေးတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်