အရေးပေါ်
ပြည်တွင်းသတင်း

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

အောက်တိုဘာ ၁၇

ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအနီး ရေးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင် မှန်လုံယာဉ်ဟာ ကုန်ကားတစီးကို ကျော်တက်ခဲ့ပြီး လမ်းညာဘက်က ကပ်မောင်းလာတဲ့ PDF အဖွဲ့ဝင် ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။

“ကားတစီးကို ကျော်တက်တာ၊ တဖက်က PDF တွေစီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိတာ။ တယောက် ဆုံးသွားတယ်၊ တယောက်ကလည်း အတော်ထိတယ်။ အဲ့ဒါကြောင့် ယာဉ်မောင်းကို ဖမ်းထားတာ၊ ဂိတ်မှူးတွေ ဘယ်လိုလုပ်မယ် မသိသေးဘူး။ ပိန္နဲတောရွာ စစ်ဆေးရေးဂိတ်က PDF ရဲဘော်တွေ ဖြစ်တာလို့တော့ ကြားတယ်” လို့ ကားသမားတဦးက ပြောပါတယ်။

ကားနဲ့တိုက်ခံရလို့ ဆိုင်ကယ်လွင့်စင်သွားကာ ရဲဘော် ၂ ဦးထဲက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး အခင်းဖြစ်ပွားရာ နေရာကို တော်လှန်ရေးတပ်တွေ ရောက်လာကာ ယာဥ်မောင်းနဲ့ စပယ်ယာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခရီးသည် ၂၅ ဦးကို တခြားကားပေါ်ကို ပြောင်းကာ ဆက်လက် ခရီးဆက်စေခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်