အရေးပေါ်
ပြည်တွင်းသတင်း

စိမ်းညှင်ဝရွာကို ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ်နဲ့ မူလတန်းကလေးငယ် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရ

၂၀၂၆ သြဂုတ် ၂၅ Myo Taw
စိမ်းညှင်ဝရွာကို ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ်နဲ့ မူလတန်းကလေးငယ် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ မူလတန်းကျောင်းသား ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး မူလတန်းကျောင်းသား ၈ ဦး အပါအဝင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီ ၉ မိနစ်ကနေ နေ့လယ်ပိုင်း ၁၁ နာရီ ၁၆ မိနစ်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၇၀ နှစ်အရွယ် ဒေါ်သန္တာဖြူ၊ အသက် ၁၀ နှစ်အရွယ် မောင်မြတ်ကျော်နိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခိုင်ခိုင်စိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းဝင်းနဲ့ အသက် ၁ နှစ်သားအရွယ် မောင်ထက်မြတ်ကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦးနဲ့ ကျေရွာအတွင်းက အရပ်သားတွေ အပါအဝင် စုစုပေါင်းဒဏ်ရာရသူ ၁၇ ဦး ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲက မူလတန်းကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ပြည်သူ ၆ ဦးဟာ ပြင်းထန်ဒဏ်ရာ ရရှိတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝကျေးရွာက လူနေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်း အဆောက်အအုံလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ကလည်း ဆမီးမြို့နဲ့ ပလက်ဝမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်သွာလို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတချို့ သေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါသေးတယ်။

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်