အရေးပေါ်
ပြည်တွင်းသတင်း

စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်

၂၀၂၆ အောက်တိုဘာ ၂၄ Myo Taw
စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်

စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်

အောက်တိုဘာ ၂၄

ပဲခူးမြို့၊ ဥဿာမြို့သစ်နယ်မြေ၊ ဥဿာမြို့သစ်(၉)ရပ်ကွက်ရှိ ပဲခူးကနေ ရန်ကုန်ဘက်ကိုထွက်တဲ့ လာဂမိုတိုးလ်ဂိတ်မှာ ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ မနက် ၆ နာရီဝန်းကျင်က ပဲခူးကနေ အင်းတကော်ဘက်ကို မောင်းလာတဲ့ စက်ရုံဝန်ထမ်းကြို/ပို့ မှန်လုံယာဉ်တစီး ဘရိတ်ပေါက်ပြီး တိုးဂိတ်ဖြတ်သန်းခပေးဖို့ ရပ်နေတဲ့ ယာဉ်တွေကို ဆက်တိုက် တိုက်မိခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဟင်္သာကုန်း-ပဲခူးတက္ကသိုလ် ခရီးသည်တင် SUZUKI CARRY PICKUP ကားရဲ့နောက်ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ။ အဲဒီအတိုက်ခံရတဲ့ကားက သူ့ရှေ့က KM စက်ရုံကြို/ပို့ မှန်လုံယာဉ်ကို ထပ်တိုက်တယ်။ အဲဒီမှာ PICKUP ကားထဲက ၃ ယောက် ဒဏ်ရာရတယ်၊ တခြားကားတွေကတော့ ပျက်စီးရုံပဲ” လို့ ခရီးသွားကားသမားတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် PICKUP ယာဉ်မောင်း ကိုဟန်စိုး၊ ကားပေါ်ပါလာတဲ့ မအေးအေးမော်နဲ့ ဒေါ်ညိုညိုထွန်းတို့ ခြေထောက်နဲ့ လက်မောင်းတွေမှာ ဖူးရောင်၊ ကျိုးပဲ့၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး နယ်မြေခံပရဟိတအဖွဲ့တွေက ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ကားဘရိတ်ပေါက်ကာ ဝင်တိုက်ခဲ့တဲ့ စက်ရုံဝန်ထမ်းကြို/ပို့ မှန်လုံယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူ ကိုဇော်ထွန်း ကို ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ၅ နှစ်ကျော်ကြာမှ ပြန်ကြားခွင့်ရခဲ့ပေမဲ့ မိခင်ရဲ့ လက်ရှိအခြေအနေဟာ ပြောင်းလဲမှုမရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်…

ဖတ်ရန်
စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ် ပြည်တွင်းသတင်း

စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ်

အာဏာသိမ်းစစ်တပ်ကို တစိုက်မတ်မတ် ထောက်ခံခဲ့ဖူးသူ ပြည်သူ့ကျောင်းသား ငြိမ်းချမ်းရေးအဖွဲ့ (PPSA) ခေါင်းဆောင် စိုးသန်းနိုင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊…

ဖတ်ရန်
ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ ပြည်တွင်းသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မန္တလေးမှာ တက္ကသိုလ်ကျောင်းသားတဦး ဖမ်းဆီးခံရသလို ရန်ကုန်မှာလည်း Smart Card နဲ့ Passport…

ဖတ်ရန်
၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့ ပြည်တွင်းသတင်း

၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့

ထားဝယ်မြို့နယ်၊ ကဒင်ဝကျေးရွာမှာ ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် လူငယ်တဦးရဲ့ ရုပ်အလောင်းကို ရွာအပြင်က ရေတွင်းထဲမှာ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်