ရုပ်သံ
Daily NEWS
တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့တဲ့ ကျောင်းသား ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခြေခံပညာကျောင်းသား ၄ ဦး တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့ကြတာကြောင့် အာဏာသိမ်းစစ်တပ်က ဖမ်ဆီးလိုက်တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ၂၄ ရက်နေ့တို့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ၄ ဦးကို သိမ်ဇရပ် အမှတ်(၄)နဲ့ အမှတ်(၆) ရပ်ကွက်က သူတို့နေထိုင်ရာ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
"ပြီးခဲ့တဲ့ရက်က သူတို့ကျောင်းပိတ်လို့ ဝင်းကံပြည်သူ့ကာကွယ်ရေး စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ပြီး လိုင်းပေါ်တင်တဲ့ကိစ္စ ပြန့်သွားလို့ အာဏာသိမ်းစစ်တပ်က ဝင်ဖမ်းလိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေဟာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဖြစ်ပြီး Grade 7 ကနေ Grade 11 ထိ ကျောင်းသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ သိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းက အရာခံဗိုလ်တဦးရဲ့ သားဖြစ်သူလည်း ပါတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ရေဘီးလူး Page ကို Like ပေးသူ Comment ပေးသူပါ မကျန် ဖမ်းဆီးနေပြီး လတ်တလော ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ မိသားစုဘက်က သွားရောက်ညှိနှိုင်းပေမယ့် ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။
ဆက်စပ် သတင်းများ
ရုပ်သံ
Daily NEWS
ရုပ်သံ
Afternoon NEWS
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ
ပြည်တွင်းသတင်း
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။