အရေးပေါ်
ပြည်တွင်းသတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့တဲ့ ကျောင်းသား ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

၂၀၂၆ သြဂုတ် ၂၇ Myo Taw
တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့တဲ့ ကျောင်းသား ၄ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခြေခံပညာကျောင်းသား ၄ ဦး တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ကစားခဲ့ကြတာကြောင့် အာဏာသိမ်းစစ်တပ်က ဖမ်ဆီးလိုက်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ၂၄ ရက်နေ့တို့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ၄ ဦးကို သိမ်ဇရပ် အမှတ်(၄)နဲ့ အမှတ်(၆) ရပ်ကွက်က သူတို့နေထိုင်ရာ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

"ပြီးခဲ့တဲ့ရက်က သူတို့ကျောင်းပိတ်လို့ ဝင်းကံပြည်သူ့ကာကွယ်ရေး စစ်ဆေးရေးဂိတ်မှာ TikTok ဆော့ပြီး လိုင်းပေါ်တင်တဲ့ကိစ္စ ပြန့်သွားလို့ အာဏာသိမ်းစစ်တပ်က ဝင်ဖမ်းလိုက်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေဟာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဖြစ်ပြီး Grade 7 ကနေ Grade 11 ထိ ကျောင်းသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ သိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်းက အရာခံဗိုလ်တဦးရဲ့ သားဖြစ်သူလည်း ပါတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ရေဘီးလူး Page ကို Like ပေးသူ Comment ပေးသူပါ မကျန် ဖမ်းဆီးနေပြီး လတ်တလော ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ မိသားစုဘက်က သွားရောက်ညှိနှိုင်းပေမယ့် ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်