လူဟောင်းတွေကိုသာ ပြန်ခန့်အပ်ခဲ့တာကြောင့် အဂတိလိုက်စားမှု ပြဿနာတက်ပြီး အုပ်ကြီးတွေကို ပြန်လည်ရွေးချယ်ဖို့ လုပ်ဆောင်နေ
နိုဝင်ဘာ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျုံကဒတ်ကျေးရွာနဲ့ ပငကျေးရွာတွေ အပါအဝင် ကျေးရွာအားလုံးနီးပါးမှာ အုပ်ချုပ်ရေးမှူးအသစ်တွေ ပြန်လည်ရွေးချယ်သွားဖို့ အာဏာသိမ်းအစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သံဖြူဇရပ်မြို့နယ်မှာ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနဲ့ ကျေးရွာပေါင်း ၆၈ ရွာရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် သံဖြူဇရပ်မြို့ပေါ်ရှိ ရက်ကွက် ၄ ခုမှာသာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခဲ့ပြီး ကျန်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လူဟောင်းတွေကိုသာ ပြန်လည်ခန့်အပ်ခဲ့တာလို့ သိရပါတယ်။
“အရင်အုပ်ကြီးတွေ ပြန်ခန့်တဲ့ကိစ္စနဲ့ ပြဿနာတက်တာ။ အဲ့တာကြောင့် အခု အကုန်ပြန်ရွေးမယ် ကြားတယ်။ တချို့ကလည်း ရွေးချယ်တဲ့ စိစစ်ရေး ကော်မတီဝင်တွေကို လာဒ်ထိုးပြီး စာရင်းထဲပါအောင်လုပ်နေတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
လူဟောင်းတွေကိုသာ ပြန်လည်ခန့်အပ်ထားခဲ့တာကြောင့် ကျေးရွာတွေထဲ အဂတိလိုက်စားမှုနဲ့ နိုင်ထက်စီးနင်းပြုမှုတွေ အသံကျယ်ကျယ် ထွက်ပေါ်ခဲ့တာကြောင့် အခုလို ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ပြုလုပ်ရတာလို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ သံဖြူဇရပ်က ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေမှူးခန့်အပ်ပွဲအတွက် စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel