အရေးပေါ်
ပြည်တွင်းသတင်း

မြိုင်နယ်မှာ ပါရာမော်တာ ၈ စင်းနဲ့ ရွာတွေကို လိုက်လံဗုံးကြဲနေလို့ ဒေသခံတွေ ထွက်ပြေးနေရ

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
မြိုင်နယ်မှာ ပါရာမော်တာ ၈ စင်းနဲ့ ရွာတွေကို လိုက်လံဗုံးကြဲနေလို့ ဒေသခံတွေ ထွက်ပြေးနေရ

မြိုင်နယ်မှာ ပါရာမော်တာ ၈ စင်းနဲ့ ရွာတွေကို လိုက်လံဗုံးကြဲနေလို့ ဒေသခံတွေ ထွက်ပြေးနေရ

အောက်တိုဘာ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပါရာမော်တာ ၈ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ကျေးရွာ ၆ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ညောင်ဦးမြို့နယ်ကနေ ထွက်လာတဲ့ ပါရာမော်တာ ၄ စင်းက နဂါးဗွက်ရွာကို ဗုံးကြဲခဲ့ပြီး ၁၂ နာရီဝန်းကျင်ခန့်မှာလည်း သာစည်ကျေးရွာကို နောက်ထပ်ပါရာမော်တာ ၄ စင်းက ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“မုံရွာ နမခဘက်က ၄ စင်းက သာစည်ရွာကို ၈ လုံးဝင်ကြဲတယ်။ တာဝါတိုင်ထိပြီး လိုင်းတွေပြတ်ကုန်တယ်၊ Ooredoo ရော Mpt ရော အကုန်ပြတ်တာ။ ညောင်ဦးဘက်က ၄ စင်းက နဂါးဗွက်ရွာတဝိုက်ကို ဗုံးတွေပတ်ကြဲတယ်။ အဲမှာက နေအိမ်တွေပျက်စီးတယ်၊ လူထိခိုက်တာတော့မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် နဂါးဗွက်ရွာအနီးတဝိုက်က အဆောက်အဦ ၃ လုံးနဲ့ သာစည်ရွာနားက ဆက်သွယ်ရေးတာဝါတိုင် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူ၊ ကမ္မမြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာကို ရောက်နေတာကြောင့် သာစည်၊ နှမ်းဆီကန်၊ မြေရင့်၊ မြဇီးတော၊ အိုရင်းနဲ့ သစ်ပုလွေကုန်း စတဲ့ ကျေးရွာတွေက ပြည်သူ ၅၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်