အရေးပေါ်
ပြည်တွင်းသတင်း

အောက်တိုဘာလအတွင်း စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှ ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF ထုတ်ပြန်

၂၀၂၆ နိုဝင်ဘာ ၉ Myo Taw
အောက်တိုဘာလအတွင်း စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှ ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF ထုတ်ပြန်

အောက်တိုဘာလအတွင်း စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှ ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF ထုတ်ပြန်

နိုဝင်ဘာ ၉

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (အထူးလှုပ်ရှားတပ်မ) ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်ဘက်မှ ၈၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ် စခန်းကို MDY-PDF ရဲ့ အမှတ် (၆၆၂) နည်းဗျူဟာနဲ့ ကသာခရိုင် တပ်ရင်း (၃) တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူတချို့လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ အင်းတော်မြို့နယ်ထဲကို ဝင်လာတဲ့ အင်အား ၅၀၀ ဝန်းကျင်ရှိ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းကိုလည်း MDY-PDF အမှတ် (၉၉) နည်းဗျူဟာနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်သားစုဆောင်းခံရတဲ့ ပြည်သူ့စစ်တွေ အပါအဝင် ၇၂ သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းကနေ ၅၂ ကြိမ်၊ လက်နက်ကြီးနဲ့ ၅၈ ကြိမ်၊ ဒရုန်းနဲ့ ၆၉ ကြိမ်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပေမဲ့ အဆိုပါတိုက်ပွဲအတွင်း RPG (၁) လက်၊ လက်နက်ငယ် (၁၅) လက်၊ ဆက်စပ်ခဲယမ်းတွေနှင့် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း မန္တလေးတိုင်း၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် ရန်သူ့တပ်စခန်းနဲ့ ၆ မိုင်ဂိတ် စခန်းတွေကို MDY-PDF (၆၆၂) နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာန အမှတ် (၃) အထူးတပ်ရင်းနဲ့ အမှတ် (၉၇၁၀) တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒရုန်း/Jammer ကား (၁) စီး၊ Pickup Truck (၁)စီးနဲ့ ကားကြီး (၁) စီး တို့ကို ဖျက်ဆီးနိုင်ခဲ့သလို စခန်းကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) က အသိပေး ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို ရုပ်သံ ပြည်တွင်းသတင်း

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆိုတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု…

ကြည့်ရန်