အရေးပေါ်
ပြည်တွင်းသတင်း

မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၃ နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးပြန်များမယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၉ Myo Taw
မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၃ နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးပြန်များမယ်လို့ဆို

မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၃ နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးပြန်များမယ်လို့ဆို

အောက်တိုဘာ ၁၉

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ လေဝဲစနစ်စတင် အားကောင်းလာမှာဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နှင့် ၂၆ ရက်တို့မှာ ၎င်းလေဝဲစနစ်ဟာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရင်း လေဖိအားနည်းရပ်ဝန်းမှ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် အရှိန်အဟုန်နဲ့ ပိုမိုအားကောင်းလာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

အဆိုပါမုန်တိုင်းစနစ်ဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန်ဘက်သို့ အဓိက ဦးတည်ရွေ့လျားမှာ ဖြစ်ပေမယ့် လေဖိအားနည်းစနစ်ရဲ့ ပြင်ပလက်တက်တွေကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ကုန်းတွင်းပိုင်း ဒေသအများအပြားမှာ အဆက်မပြတ် တိုးဝင်လာမယ့် စိုထိုင်းမှုများတဲ့လေထုကြောင့် မိုးရွာသွန်းမှု မြင့်တက်လာပါမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းတို့မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ တိုက်ရိုက်တိုးဝင်လာတဲ့ ပင်လယ်လေကြောင့် အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုအားကောင်းလာမှာဖြစ်ပြီး မိုးကြီးတာ၊ မိုးသက်လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း/မြောက်ပိုင်း)တို့မှာ မွန်းလွဲပိုင်း/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးအသင့်အတင့်မှ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကရင်နီပြည်နယ်တို့မှာ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်အတွင်း မိုးခေတ္တ ပါးသွားမှာဖြစ်ပြီး၊ အောက်တိုဘာလ ၂၃ ရက်နောက်ပိုင်းမှစတင်ကာ လေဖိအားနည်းစနစ် အရှိန်ကြောင့် မွန်းလွဲပိုင်း/ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းပြီး မိုးထစ်ချုန်းရွာသွန်းမှု ပြန်လည် မြင့်တက်လာမယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းအနောက်ပိုင်းနှင့် ရှမ်းပြည်နယ်မှာ အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မိုးဆက်တိုက် ရွာသွန်းနိုင်တာကြောင့် တောင်ကျချောင်းရေ ရုတ်တရက် လျှံတက်တာနှင့် ရေဝပ်/ရေကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်