အရေးပေါ်
ပြည်တွင်းသတင်း

၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး

၂၀၂၆ သြဂုတ် ၃၁ Myo Taw
၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး

၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး

သြဂုတ် ၃၁

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကို ကိုးကန့်တပ် MNDAA က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က MNDAA နဲ့ အာဏာသိမ်း စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံးပြီးနောက်ပိုင်းမှာ MNDAA ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လစဥ် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁၀၂ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

"လားရှိုး ကို ပြန်ရောက်လာတဲ့ သူတွေ ရှိတယ်။ တချို့ကို တပ်မတော်ဆေးရုံမှာ ဆေးကုပေးနေတယ်။ လတိုင်း လွှတ်ပေးတယ်။ တချို့ပျောက်နေတဲ့သူတွေ အဆက်အသွယ် မရတဲ့ သူတွေလည်း ရှိတယ်၊ တချို့ကတော့ အိမ်နဲ့ အဆက်သွယ် ရကြတယ်၊ ဇွန်လ တုန်းကလည်း ၂၀၀ ကျော် ပြန်လွှတ်ပေးတယ်။ တွေ့ဆုံပွဲပြီးကတည်းက လစဉ်လတိုင်း ပြန်လွှတ်ပေးနေတာ။ အဖမ်းခံထားရသူ ထောင်ကျော် ရှိတယ်လို့ ကြားတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MNDAA က ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြိုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၆ ထောင်ကျော် ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပြီး အဲ့ဒီထဲက ၅ ထောင်ကျော် ပြန်လွှတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အဆက်သွယ် မရတော့ဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်