နားမခေါ်ရွာအနီး စစ်တပ်ဂိတ်က ကားတစီး ကျပ် ၂ သိန်းစီတောင်းနေလို့ ခရီးသွားကားတွေ အခက်တွေ့နေတယ်လို့ဆို
အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်၊ သီပေါ-မိုင်းကိုင်လမ်းမပေါ်က နားမခေါ်ရွာအနီး စစ်ဆေးရေးဂိတ်မှာ အိမ်စီးကားတွေနဲ့ ကုန်ကားတွေကို စစ်ဆေးရေးဂိတ်ဖြတ်ခ သိန်းချီတောင်းနေတာကြောင့် ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေအဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
သီပေါ-မိုင်းကိုင်လမ်းမပေါ် နားမခေါ်ရွာအနီးက အာဏာသိမ်းစစ်တပ်ဂိတ် ၂ ခုက ဖြတ်သန်းသွားလာတဲ့ အိမ်စီးကားတွေကို တစီး ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်ထိ တောင်းတတ်ပြီး မပေးနိုင်ပါက ပါလာတဲ့ကုန်တွေကို ထားခဲ့ခိုင်းတယ်လို့ သိရပါတယ်။
"နမ့်လန်မရောက်ခင် နားမခေါ်ရွာနား ဂိတ် ၂ ခုက အတက်လမ်းကိုမတောင်းဘူး၊ အပြန်အဆင်းကို တောင်းတာ၊ အိမ်သုံးပစ္စည်းတွေသယ်လာရင် တစီးကို ၂ သိန်းကစတောင်းတာ၊ မပေးရင်း ပါလာတာတွေ အကုန်ထားခဲ့ရတာ၊ ဂိတ်တွေကိုပိုင်တဲ့ တရုတ်တွေရဲ့ Without ကားတွေကတော့ လက်ပြပြီး သွားချင်တိုင်းသွားလို့ရနေတယ်" လို့ ကားသမားတဦးက ပြောပါတယ်။
သီပေါ-မိုင်းကိုင်လမ်းပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ၃ ခုဖြစ်တဲ့ နောင်ဝူးဂိတ်၊ နားမခေါ်အနီးက စစ်ဆေးရေးဂိတ်နဲ့ နမ့်လန်လမ်းခွဲက စစ်ဆေးရေးဂိတ်တို့ ၃ ခု သာရှိတော့တယ်လို့ သိရပြီး နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ မန္တလေးဘက်ကိုဆင်းတဲ့ ဝက်ဝံဂိတ်မှာတော့ မူးယစ်စစ်ဆေးတဲ့ရဲတွေသာ ရှိတော့တယ်လို့ သိရပါတယ်။
မြို့တော် News Channel