အရေးပေါ်
ပြည်တွင်းသတင်း

မန္တလေးနဲ့ ၈ မိုင်ခန့်သာဝေးတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

၂၀၂၆ သြဂုတ် ၂၆ Myo Taw
မန္တလေးနဲ့ ၈ မိုင်ခန့်သာဝေးတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ်(ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ပါ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲ စကတည်းက တော်လှန်ရေးတပ်ဘက်က စိုးမိုးပစ်ခတ်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၆ ဦး ပြည်သူ့နေအိမ်တွေကြား ထွက်ပြေးသွားခဲ့ပြီး ၆ ဦးထက်မနည်း မျက်မြင်သေဆုံးခဲ့ကာ နောက်တနေ့ကျမှ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ခြုံတွေအတွင်း ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း MA-11 သေနတ် ၁ လက်နဲ့ MA-2 သေနတ် ၁ လက်တို့အပြင် ဦးထုတ်၊ မှန်ဘီလူးနဲ့ အခြားခဲယမ်းတွေကို သိမ်းဆည်ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး တပ်ခွဲ(၁)၊ (၂)၊ (၃)တို့က ထုတ်နှုတ်အင်အားတွေ နဲ့အတူ မန်းခရိုင်ပကဖမှ တပ်စိတ် ၁ စိတ်တို့က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဆိုပါ အထိုင်စခန်း ၂ ခုအနီးမှာ လက်နက်ကြီးအထိုင်တွေရှိပြီး မန္တလေးမြို့နဲ့ ၈ မိုင်ခန့်သာ ကွာဝေးတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်