အရေးပေါ်
ပြည်တွင်းသတင်း

မန္တလေးမှာ သံဃာနဲ့ ကိုရင် ၇၆ ပါးခန့် အစာအဆိပ်သင့်လို့ ဆေးရုံတွေမှာ ကုသနေရ

၂၀၂၆ သြဂုတ် ၂၆ Myo Taw
မန္တလေးမှာ သံဃာနဲ့ ကိုရင် ၇၆ ပါးခန့် အစာအဆိပ်သင့်လို့ ဆေးရုံတွေမှာ ကုသနေရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော် ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေနဲ့ ကိုရင်တွေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်က သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအဝင် ၇၆ ပါးခန့် အစာအဆိပ်သင့်ခဲ့တာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

"ကျောင်းထိုင်ဆရာတော်က ဘဒ္ဒန္တ ကေသရ ပါ။ စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း ၁၆၅ ပါး ရှိတယ်။ မနက် ၇ နာရီလောက်က အာရုံဆွမ်း ဘုန်းပေးတယ်။ လက်ဖက်ထမင်း၊ ငါးဖယ်သုတ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်နဲ့ ဘုန်းပေးကြတာ။ အဲ့အထဲက သံဃာနဲ့ ကိုရင် အပါး ၇၀ ကျော်လောက်က အစာအဆိပ်သင့်ကြတယ်" လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အစာအဆိပ်သင့် သံဃာနဲ့ ကိုရင် ၃၀ ပါးဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရပြီး စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ သိရကာ ကျန်တဲ့ သံဃာနဲ့ ကိုရင် ၄၆ ပါးဟာလည်း ကျောက်မီး တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်