အရေးပေါ်
ပြည်တွင်းသတင်း

မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း PDF ကို အကြောင်းပြကာ ဓားနဲ့ ထောက်ပြီး လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိ

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း PDF ကို အကြောင်းပြကာ ဓားနဲ့ ထောက်ပြီး လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ကျောက်လုပ်ငန်းရှင်တဦးကို PDF နဲ့ ပတ်သက်နေတယ်လို့ဆိုကာ ဓားနဲ့ ထောက်ပြီး ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ကျောက်စိမ်းလက်ဝတ်ရတနာတွေ လုယက်ခဲ့တဲ့ တရားခံ ၄ ဦးကို ဖမ်းဆီးရမိပြီလို့ သိရပါတယ်။

သြဂုတ်လ ၁၈ ရက် မနက် ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၃၉ လမ်းနဲ့ ၄၀ လမ်းကြားရှိ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုထက်အောင်ကို အမည်မသိ အမျိုးသား ၂ ဦး က "PDF နဲ့ ပတ်သက်နေလို့ စစ်ဆေးစရာရှိတယ်"လို့ ဆိုကာ ဓားနဲ့ ထောက်ပြီး ခေါ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုထက်အောင်ကို ဘောလုံးကွင်းအဟောင်း ဖျက်နေတဲ့နေရာကို ခေါ်ဆောင်သွားပြီး ကိုထက်အောင်ရဲ့ လွယ်အိတ်ထဲက ကျောက်စိမ်းအချောထည် ၂ ပွင့်၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ ၁ ကုံး၊ ချွမ်အမျိုးအစား လက်စွပ် ၂ ကွင်းနဲ့ ကျောက်စိမ်းနားကပ် ၁ စုံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ခန့်ရှိ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်တဲ့နေ့ညမှာပဲ နောက်ကနေခိုင်းတဲ့ ၂ ယောက်ကို မန္တလေးမှာ အရင်မိတာ။ နောက်ရက်ကျမှ လုယက်ခဲ့တဲ့ ၂ ယောက်ကို စစ်ကိုင်းဘက်မှာ ဖမ်းမိတာ။ ခိုင်းတဲ့ ၂ ယောက်က လုယူလာတဲ့ ကျောက်စိမ်းတွေကို မန္တလေးမှာ ပြန်ရောင်းဖို့လုပ်ပြီး လုယက်ခဲ့တဲ့ ၂ ယောက်ကိုတော့ စစ်ကိုင်းဘက် ရှောင်တိမ်းခိုင်းထားတာ" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါ လုယက်မှုကို အသက် ၂၀ အရွယ် လူငယ် ၂ ဦးနဲ့ အသက် ၃၀ ခန့်အရွယ် အမျိုးသား ၂ ဦးတို့က ပူးပေါင်း ကျူးလွန်ခဲ့တာဖြစ်ပြီး အမှတ် (၇) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် အရေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်