အရေးပေါ်
ပြည်တွင်းသတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကားလမ်းပေါ်ရေကြီးလို့ စက်လှေနဲ့ ဖြတ်ကူးရာက စက်လှေတိမ်းမှောက်

၂၀၂၆ သြဂုတ် ၂၂ Myo Taw
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကားလမ်းပေါ်ရေကြီးလို့ စက်လှေနဲ့ ဖြတ်ကူးရာက စက်လှေတိမ်းမှောက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာအနီးမှာ ခရီးသယ် ၁၁ ဦး စီးနင်းလိုက်ပါလာတဲ့ စက်လှေ ၁ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၉ နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာအနီးက အင်းတခုကို ဖြတ်သန်းနေချိန် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လှေပေါ်ပါသူ ၁၁ ဦးလုံးကို ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

"ဘုရားသုံးဆူဘက်ကို သွားတဲ့သူတွေပါ၊ မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပေါ် ရေကြီးနေတော့ လှိုင်ကနီရွာနား ကားတွေထားပြီး လှေနဲ့သွားကြတာ၊ လှေကသေးပြီး လူများတော့ ရေထဲထိုးကျသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်လှေတိမ်းမှောက်ခဲ့တာကြောင့် စက်လှေပေါ်ပါ ခရီးသည် ၁၁ ဦးကို ဒေသခံတွေက ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့တာကြောင့် လူသေဆုံးမှု မရှိခဲ့ပေမယ့် စက်လှေပေါ်ပါတဲ့ ခရီသည်တွေရဲ့ အိတ်တွေနဲ့ ဖုန်းတွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ ရေထဲနစ်မြုပ် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

မုဒုံ-အဘစ်-ဘုရားသုံးဆူ ကားလမ်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကျော်နေတာကြောင့် ခရီးသွားကားတွေ ဖြတ်သန်းသွားလာဖို့ အခက်အခဲဖြစ်နေပြီး လှိုင်ကနီကျေးရွာမှာ ခရီးသွားကား ၂၀ ကျော်နဲ့ လူဦးရေ ၂၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

ဘားအံမြို့ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ ပြည်တွင်းသတင်း

နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံမှာ ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ရေပိုလွှဲမှ…

ဖတ်ရန်
၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး ပြည်တွင်းသတင်း

၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကို ကိုးကန့်တပ် MNDAA…

ဖတ်ရန်
ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်