အရေးပေါ်
ပြည်တွင်းသတင်း

ဇလွန်မြို့နယ်က Honda ဆိုင်ကယ်အရောင်းပြခန်း မီးလောင်ပြီး ဆုံးရှုံးမှုတန်ဖိုး အလွန်များ

၂၀၂၆ သြဂုတ် ၂၇ Myo Taw
ဇလွန်မြို့နယ်က Honda ဆိုင်ကယ်အရောင်းပြခန်း မီးလောင်ပြီး ဆုံးရှုံးမှုတန်ဖိုး အလွန်များ

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဆေးရုံလမ်းက Honda ဆိုင်ကယ် အရောင်းဆိုင်တဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၇ ရက် ဒီကနေ့ မနက် ၉ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး အရောင်းပြခန်းထဲက ဆိုင်ကယ်အစီးရေ ဆယ်နဲ့ချီ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

"ဆေးရုံလမ်းက ကိုကျော်သူရ၊ မအေးမြတ်မွန် တို့ရဲ့ဆိုင်ပါ။ ဖြစ်တဲ့အချိန် လူတွေက ဝိုင်းပြီးကူရင် ၁ စီး ၂ စီးမက ထုတ်လို့ရနိုင်တယ်။ ဖြစ်ဖြစ်ချင်း ကူလို့ရရဲ့နဲ့ အကုန်လုံးက သူ့ထက်ငါ ဖုန်းတွေနဲ့ Social Media ပေါ် တင်ချင်နေကြတာ။ ဆုံးရှုံးမှုက မျက်စိရှေ့တင် အရမ်းများသွားတာ။ အစီးရေ ၃၀ နဲ့အထက် ပါသွားတယ်။ အကုန် သိန်း ၁၀၀ ကျော်တန်တွေချည်းပဲ" လို့ မျက်မြင်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

မီးလောင်မှုကို ဇလွန်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက နာရီဝက်ကျော်ကြာအောင် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပြီး မီးလောင်ရတဲ့ ဖြစ်စဥ်အသေးစိတ်ကို မသိရသေးပါဘူး။

ဆက်စပ် သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
VIDEO ပြည်တွင်းသတင်း

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို ပြည်တွင်းသတင်း

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…

ဖတ်ရန်
ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ ပြည်တွင်းသတင်း

ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…

ဖတ်ရန်