အရေးပေါ်
ပြည်တွင်းသတင်း

စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ်

၂၀၂၆ အောက်တိုဘာ ၂၄ Myo Taw
စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ်

စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ်

အောက်တိုဘာ ၂၄

အာဏာသိမ်းစစ်တပ်ကို တစိုက်မတ်မတ် ထောက်ခံခဲ့ဖူးသူ ပြည်သူ့ကျောင်းသား ငြိမ်းချမ်းရေးအဖွဲ့ (PPSA) ခေါင်းဆောင် စိုးသန်းနိုင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ လက်နက်ကိုင် အဖွဲ့အမည်ခံကာ လှုပ်ရှားမှုတွေကြောင့် ရေးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

စိုးသန်းနိုင်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကို တောက်လျှောက် ဆန့်ကျင်ခဲ့ကာ စစ်တပ်ကို အပြည့်အဝ တစိုက်မတ်မတ် ထောက်ခံခဲ့ပြီး PPSA (People's Peace Students' Army) အဖွဲ့ကို အမည်ခံဖွဲ့စည်းခဲ့ကာ ရေးမြို့နယ်နဲ့ အနီးတဝိုက်က မြေယာကိစ္စတွေကို လက်နက်ကိုင်ကာ ဝင်ရောက်စွက်ဖက်တာ၊ တိုင်းရင်းသားရေး၊ လူမျိုးရေး ကိစ္စတွေမှာ လက်နက်ကိုင် စော်ကားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စိုးသန်းနိုင် ထောင် ၁၀ နှစ်ကျခံရမှုနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့ဝင် ကိုလတ် (မင်္ဂလာတောင်ညွန့်)က “မည်သူ့ကိုမျှ ထောင်မကျစေချင်သော်လည်း ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာခြင်း ဖြစ်ပြီး ဥပဒေအရ ကိုယ်ကျူးလွန်သည့် ပြစ်ဒဏ်ကို ကိုယ်တိုင်ခံယူရခြင်း ဖြစ်သည်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စိုးသန်းနိုင်ဟာ PPSA ခေါင်းဆောင်အမည်ခံပြီး ၂၀၁၈ ခုနှစ်က မလွှဲတောင်-ကဗျာဝ စီမံကိန်း၊ မြေယာအငြင်းပွားမှုနဲ့ အရောင်းအဝယ် ကတိစာချုပ်တွေကို တရားမဝင် သုံးခဲ့တာကြောင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၁၉) က ဝန်ခံကတိ ရေးထိုးစေခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

စိုးသန်းနိုင် ဟာ ၁၉၈၅ ခုနှစ်က ဖျာပုံတပ်ရင်းမှာ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၈၆ ခုနှစ်မှာ တပ်ကနေ ထွက်ပြေးခဲ့ကာ တပ်ပြေးမှုနဲ့ ထောင် ၁ နှစ်ကျခံခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်မှာ KNLA တပ်မဟာ (၁)မှာ တပ်စုမှူးအဖြစ် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စိုးသန်းနိုင် ဟာ ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ လက်နက်ချခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ABSDF အဖွဲ့ဝင်အဖြစ် ထပ်မံဖမ်းဆီးခံရပြီးနောက် သထုံခရိုင်တရားရုံးရဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်း ခံခဲ့ရဖူးတယ်လို့လည်း သိရပါတယ်။

၁၉၉၅ ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ ပြည်သူ့ကျောင်းသား ငြိမ်းချမ်းရေးအဖွဲ့ (PPSA) ကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့ကာ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်ဖြုတ်သိမ်း စေခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာ ကရင်လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့်အဖွဲ့ (KEAP) ထံ သွားရောက်ပူးပေါင်းခဲ့ပြီး ယခင် ABSDF ကို ပြန်လည်ဆက်သွယ်ခဲ့တာကြောင့် KEAP အဖွဲ့ရဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ က တနင်္သာရီတိုင်း၊ မလွှဲတောင်ဒေသက သပြေခြံမှာ တော်လှန်ရေး ရဲဘော်တွေကို စိန်ခေါ်ခဲ့တာကြောင့် သေနတ်နဲ့ ၈ ချက် ပစ်ခတ်ခံခဲ့ရပေမယ့် ကျည်ကာအင်္ကျီကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ပြီး သစ်တောကြိုးဝိုင်းမြေ လုပ်ပိုင်ခွင့်လျှောက်ထားရာမှာလည်း သူတည်ထောင်ခဲ့တဲ့ PPSA အမည်ကို သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ၅ နှစ်ကျော်ကြာမှ ပြန်ကြားခွင့်ရခဲ့ပေမဲ့ မိခင်ရဲ့ လက်ရှိအခြေအနေဟာ ပြောင်းလဲမှုမရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်…

ဖတ်ရန်
ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ ပြည်တွင်းသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မန္တလေးမှာ တက္ကသိုလ်ကျောင်းသားတဦး ဖမ်းဆီးခံရသလို ရန်ကုန်မှာလည်း Smart Card နဲ့ Passport…

ဖတ်ရန်
စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ် ပြည်တွင်းသတင်း

စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်

ပဲခူးမြို့၊ ဥဿာမြို့သစ်နယ်မြေ၊ ဥဿာမြို့သစ်(၉)ရပ်ကွက်ရှိ ပဲခူးကနေ ရန်ကုန်ဘက်ကိုထွက်တဲ့ လာဂမိုတိုးလ်ဂိတ်မှာ ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့ ပြည်တွင်းသတင်း

၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့

ထားဝယ်မြို့နယ်၊ ကဒင်ဝကျေးရွာမှာ ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် လူငယ်တဦးရဲ့ ရုပ်အလောင်းကို ရွာအပြင်က ရေတွင်းထဲမှာ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်